ဖိလစ်လမ်း အနားယူမည်ဟု ကြေညာသည့်အပေါ် ဘိုင်ယန်ပရိသတ်များ အံ့အားသင့်

February 9, 2017

ဖိလစ်လမ်း အနားယူမည်ဟု ကြေညာသည့်အပေါ် ဘိုင်ယန်ပရိသတ်များ အံ့အားသင့်

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖိလစ်လမ်းဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာလိုက်တဲ့အပေါ် ဘိုင်ယန်ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ အမာခံပရိသတ်တွေကတော့ ဖိလစ်လမ်းမရှိရင် အသင်းမှာ ကွက်လပ်ကြီးတခုလို ဖြစ်သွားမယ်လို့ ပြောပါတယ်။ ဖိလစ်လမ်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် တနှစ်စောပြီး ဘောလုံးလောကကနေ အနားယူလိုက်တာပါ။ ပရိသတ်နောက်တဦးကတော့ သူ မရှိရင် အသင်းအတွက် အားထားရတဲ့လူတယောက် ဆုံးရှုံးသွားတာပဲလို့  ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျာမန်လက်ရွေးစင် ကစားသမား ဖိလစ်လမ်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းကို ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။ ဖိလစ်လမ်းဟာ ကစားသမားဘဝရဲ့ အချိန်အများစုကို ဘိုင်ယန်မြူးနစ်အသင်းမှာပဲ အချိန်ကုန်ခဲ့သူ ဖြစ်ပါတယ်။
4 years Ago
Up