ဖိလစ်မင်းသားကြီး

January 18, 2019

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ယာဉ်တိုက်မှုဖြစ်

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးဟာ ဇန်နဝါရီ ၁၇ ရက်နေ့က ယာဉ်တိုက်မှုတခုမှာ ပါဝင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ဘက်ကင်ဟမ်နန်းတော်က သတင်းထုတ်ပြန်ပါတယ်။ ယာဉ်တိုက်မှုဟာ အင်္ဂလန်အရှေ့ပိုင်း ဆန်ဒရင်ဂမ် အိမ်တော်အနီးမှာ ဖြစ်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ရာ နေရာကို ဒေသခံရဲတွေ လာရောက်ကူညီတယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ အသက် ၉၇ နှစ်အရွယ် အီဒင်ဘာရာမြို့စားကြီး ဖိလစ်ဟာ Range Rover ယာဉ်ကို မောင်းနှင်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်ဟာ လမ်းတဖက်ကို ဆင်းသွားခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးနောက် မြို့စားကြီး ဖိလစ်ဟာ တုန်လှုပ်နေတယ်လို့လည်း မျက်မြင်တဦးကို ကိုးကားပြီး ဘီဘီစီမှာ ဖော်ပြထားပါတယ်။
2 years Ago
Up