ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့မှာ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ မောက်တဲ (Maute) အကြမ်းဖက်အဖွဲ့ကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်သမား ၅၀၂ ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဖိလစ်ပိုင်စစ်ဘက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အစိုးရတပ်ဖွဲ့တွေဟာ လက်နက်ပေါင်း ၅၉၂ လက် သိမ်းဆည်းရမိခဲ့ပြီး မာရာဝီမြို့က အရေးပါတဲ့ တံတားတစင်းကိုလည်း ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်လို့ တပ်မှူးချုပ် ရပ်စ်တီတူတို ပတ်ဒီလာက ဆိုပါတယ်။
မောက်တဲ အကြမ်းဖက်သမားတွေဟာ အစိုးရတပ်ဖွဲ့တွေကို ခုခံလျက်ရှိပေမယ့် အရင်ကလောက် အားကောင်းမှု မရှိတော့ပါဘူး။
တိုက်ခိုက်မှုတွေအတွင်း အစိုးရတပ်ဖွဲ့ဝင် ၁၁၄ ဦးနဲ့ အရပ်သား ၄၅ ဦးလည်း သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago