ဖိလစ်ပိုင်အစိုးရက တောင်ပိုင်းမင်ဒါနာအိုဒေသတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်

May 24, 2017

ဖိလစ်ပိုင်အစိုးရက တောင်ပိုင်းမင်ဒါနာအိုဒေသတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်

မေလ ၂၃ ရက်နေ့က ဖိလစ်ပိုင်အစိုးရဟာ တောင်ပိုင်း မင်ဒါနာအိုဒေသမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး လန်နာအို ဒယ် ဆာ (Lanao Del Sur) ပြည်နယ်၊ မာရာဝီ (Marawi) မြို့ကို သိမ်းပိုက်ပြီးနောက်မှာ အစိုးရက အခုလို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာပါ။ သူပုန် ၁၅ ဦး ပုန်းခိုရာ အိမ်တလုံးကို အစိုးရတပ်တွေ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတပြောခွင့်ရပုဂ္ဂိုလ်က ပုန်ကန်မှုဖြစ်တာကြောင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်တာဖြစ်ကြောင်း မော်စကိုမြို့မှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ဒူတာတေးဟာ ရုရှားသမ္မတ ပူတင်၊ ဝန်ကြီးချုပ် မက်ဗီဒက်၊ တခြား ရုရှားအရာရှိတွေနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပြီး ဖိလစ်ပိုင်ကို ပြန်လာမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အလန် ကေယက်တန်နို (Alan Cayetano) က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင် ဖွဲ့စည်းပုံဥပဒေအရ သမ္မတဟာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ချက်ကို ၄၈ နာရီအတွင်း  ကွန်ဂရက်သို့ အသိပေး အကြောင်းကြားရမှာ ဖြစ်ပါတယ်။
4 years Ago
Up