ဖိလစ်ပိုင်သမ္မတ

A d v e r t i s e m e n t With Us

November 13, 2017

အာဆီယံညစာစားပွဲတွင် ဧည်သည်များ အံ့သြသွားစေသည့် ဖိလစ်ပိုင်သမ္မတ၏ သီချင်းဆိုဧည့်ခံမှု (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း ညစာစားပွဲမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သီချင်းထဆိုပြီး ဧည့်သည်တွေကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီသီချင်းသီဆိုမှုကို အမေရိကန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အရ သီဆိုခဲ့တာလို့ သမ္မတ ဒူတာတေးက အရွှန်းဖောက်ခဲ့ပါသေးတယ်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ (အာဆီယံ) ထိပ်သီးအစည်းအဝေး တရားဝင်ကျင်းပချိန် မတိုင်မီ နိုဝင်ဘာ ၁၂ ရက်နေ့က ပါဆေးမြို့ အက်စ်အမ်အိတ်စ် ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ ညစာစားပွဲအတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတ ထရမ့်နဲ့ တခြားခေါင်းဆောင်တွေကို အိမ်ရှင်အနေနဲ့ ဧည့်ခံခဲ့ပါတယ်။ ညစာစားပွဲအတွင်း ဖိလစ်ပိုင်ရိုးရာဝတ်စုံ အဖြူရောင် လက်ရှည်အင်္ကျီဝတ်ကာ သမ္မတထရမ့်ရဲ့ဘေးမှာ ထိုင်နေတဲ့ ဒူတာတေးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့သီချင်းသီဆိုမှုနဲ့ ဧည့်သည်တွေကို အံ့အားသင့်စေခဲ့တာပါ။ “ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားကြီးများခင်ဗျာ၊ ကျနော်က အမေရိကန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ မတောင်းဆိုခဲ့တဲ့ စုံတွဲသီချင်းကို မစ္စပီလီတာနဲ့ တွဲဆိုခဲ့တာပါ” လို့ သီချင်းအဆုံးမှာ သမ္မတ ဒူတာတေးက ပြောပါတယ်။ သမ္မတက ဒေသခံအဆိုတော် ပီလီတာနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခေတ်စားတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “lkaw (you)” ဆိုတဲ့သီချင်းကို ဆိုခဲ့တာလို့ အာတီသတင်းဌာနက ဖော်ပြထားပါတယ်။
3 years Ago

July 26, 2017

တရုတ်နှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေး ထူထောင်ရန် ဖိလစ်ပိုင်သမ္မတ ကတိပြု

တရုတ်နဲ့ ပိုမိုခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဇူလိုင် ၂၅ ရက်မှာ ကတိပြုပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံခဲ့ရာမှာ ‘ကမ္ဘာပေါ်မှာ တရုတ်ရဲ့ အနေအထားနဲ့ လွှမ်းမိုးမှုကို ဖိလစ်ပိုင်အနေနဲ့ အလွန်အလေးထားပါကြောင်း၊ တရုတ်နဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုလားပါကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားသွားတာပါ။ နောက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းတွေအပေါ် တရုတ်ရဲ့ထောက်ခံမှုကို အလွန်ကျေးဇူးတင်တယ်လို့လည်း ဒူတာတေးက ပြောကြားပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ‘ထိပ်တိုက်တွေ့ဆုံတာထက် စေ့စပ်ဆွေးနွေးခြင်းက ပိုကောင်းတယ်။ ပဋိပက္ခဖြစ်တာထက် ပူးပေါင်းဆောင်ရွက်တာက ပိုကောင်းတယ်” လို့ ပြောကြားသွားပါတယ်။
4 years Ago
More News
Up