ဖိလစ်ပိုင်မယ်စကြ၀ဠာဆုရှင်

February 23, 2019

ဖိလစ်ပိုင် နိုင်ငံ့ဂုဏ်ဆောင် မယ်စကြ၀ဠာဆုရှင်ကို လူထောင်ချီဂုဏ်ပြုကြိုဆို

၂၀၁၈ မယ်စကြ၀ဠာဆုရှင် နိုင်ငံ့ဂုဏ်ဆောင် ဖိလစ်ပိုင်နိုင်ငံသူ ကတ်ထရီယိုနာ ဂရေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြို့တော် မနီလာမှာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ပရိသတ်တွေဟာ ယာဉ်တန်း တဖက်တချက်မှာ တန်းစီစောင့်ဆိုင်းပြီး အသက် ၂၅ နှစ်အရွယ် ကတ်ထရီယိုနာကို ကြိုဆိုခဲ့တာပါ။ ကတ်ထရီယိုနာဟာ သြစတြေးလျ-ဖိလစ်ပိုင် ကပြား မော်ဒယ်တဦး ဖြစ်ပါတယ်။ ကတ်ထရီယိုနာဟာ စတုတ္ထမြောက် ဖိလစ်ပိုင်နိုင်ငံသူ  မယ်စကြ၀ဠာဆုရှင်လည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသူတွေဟာ  ၁၉၆၉၊ ၁၉၇၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ  မယ်စကြသဠာ သရဖူကို ဆွတ်ခူးဖူးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up