ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို

August 1, 2017

ဖိလစ်ပိုင်တွင် မူးယစ်ဆေးသံသယဖြင့် ရဲတပ်ဖွဲ့စီးနင်းစဉ် ပစ်ခတ်မှုဖြစ်ပြီး မြို့တော်ဝန်သေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ ဇူလိုင် ၃၁ ရက်က မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူလို့ သံသယရှိတဲ့ မြို့တော်ဝန်အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်ပြီး မြို့တော်ဝန် သေဆုံးသွားပါတယ်။ အိုဇာမစ်မြို့တော်ဝန်ဖြစ်တဲ့ ရေနယ်လ်ဒို ပါရိုဟာ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း သေဆုံးသွားတဲ့ တတိယမြောက် မြို့တော်ဝန် ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ရှာဖွေဝရမ်းနဲ့ သူ့ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ဒီစီးနင်းမှုမှာ ရဲအရာရှိတွေလည်း ဒဏ်ရာရရှိသွားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ မှုခင်းစုံစမ်းထောက်လှမ်းရးအဖွဲ့ ဒါရိုက်တာ ရိုအဲအိုဘူဆန်က “ကျေန်ာက သူတို့ကို တရားဥပဒေရှေ့မှောက် ခေါ်သွားချင်တာပါ။ သူတို့အတွက်လည်း တရားဥပဒေ အသက်ဝင်နေသေးတယ်ဆိုတာ ပြောနိုင် မြင်နိုင်တာပေါ့။ ဒါပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်သွားခဲ့ပါတယ်။ သူတို့မှာက သူတို့ကိုယ်ပိုင်တပ်ဖွဲ့ ရှိတယ်လေ။ သူတို့အိမ်ခြံထဲ မဝင်ခင်ကို ကျနော်တို့ အပစ်ခံရတာပါ။ ကျနော်တို့ အရာရှိတွေလည်း ဒဏ်ရာရသွားပါတယ်” လို့ ပြောကြားသွားပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ တာဝန်စတင်ထမ်းဆောင်တဲ့ မနှစ်ကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကြောင့် လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
4 years Ago

March 2, 2017

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို သတ်ဖြတ်မှုများ ဆက်ဖြစ်နေ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆိုင်းငံ့လိုက်တာ တလနီးပါးရှိပြီဖြစ်ပေ့မယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေကို သတ်ဖြတ်တာတွေဟာ ဆက်လက်  ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မတ်လ ၁ ရက်နေ့က မနီလာမြို့ ဆင်ခြေဖုံးတခုမှာ စုံတွဲနှစ်ဦးဖြစ်တဲ့ ယိုမာပလာမာနဲ့ ယူဒေးအက်စီလိုနာတို့ဟာ အမည်မသိ ဆိုင်ကယ်စီး သေနတ်သမားတွေရဲ့ ပစ်ခတ်တာကိုခံရပြီး သေဆုံးခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သူတို့နှစ်ဦးဟာ မူးယစ်ဆေးသုံးသူတွေ ဖြစ်ကြပြီး စတိုးဆိုင်တဆိုင်က အထွက်မှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ပလာမာဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး အက်စီလိုနာကတော့ ဆေးရုံကို ရောက်ပြီးမှ သေဆုံးခဲ့တာပါ။ အဲဒီညမှာပဲ မနီလာမြို့ အခြားနေရာတခုမှာ မူးယစ်ဆေးရောင်းဝယ်သူလို့ သံသယရှိသူတဦးရဲ့ ရုပ်အလောင်းကို နားထင် သေနတ်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ပါတယ်။ မူးယစ်ဆေး တိုက်ဖျက်ရေးလှုပ်ရှားမှုကို ယာယီဆိုင်းငံ့လိုက်ပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်ကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင်လာကြတယ်လို့ မနီလာမြို့ခံတချို့က ပြောပါတယ်။ သမ္မတ ဒူတာတေး အာဏာရတဲ့ ပြီးခဲ့တဲ့ ဇွန်လကစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကြောင့် လူ ၉၀၀၀ ကျော်သေဆုံးခဲ့ပြီး သူတို့အထဲက အများစုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ သုံးစွဲသူတွေ ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up