ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၊ အနည်းဆုံး လူ ၄ ဦး သေဆုံး

December 27, 2016

ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၊ အနည်းဆုံး လူ ၄ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့က အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးတယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။ မုန်တိုင်းကြောင့် လူ ၄ သိန်းကျော် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေဆီ အရေးပေါ် ပြောင်းရွှေ့ထားရပြီး ဖုန်းနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ကုန်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ နွတ်ခ်တန်း (Nock-ten) လို့ အမည်ပေးထားတဲ့ ဒီ တိုင်ဖွန်းမုန်တိုင်းဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က နိုင်ငံအလယ်ပိုင်း လူဇွန် (Luzon) ပြည်နယ်ကိုဖြတ်ပြီး ၂၇ ရက်နေ့မှာ တောင်တရုတ်ပင်လယ်ဘက်ကို ရွေ့လျားနေပါတယ်။ မုန်တိုင်းကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းလေကြောင်းလိုင်း ၃၀၀ လောက်လည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးနေပြီး ဒေသခံတွေကို ထောက်ပံ့ကူညီမှု ဆောင်ရွက်နေပါတယ်။
5 years Ago
Up