ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးကြောင့် သီတင်းပတ် တပတ်အတွင်း လူအနည်းဆုံး အယောက် ၈၀ အသတ်ခံရပြီး သေဆုံးခဲ့တဲ့ ဓားစာခံတွေရဲ့ မိသားစုတွေက တရားမျှတမှုအတွက် သြဂုတ် ၁၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရာဇဝတ်မှု ထူပြောတဲ့ ခရိုင်တွေက ဝင်ငွေနည်း ဆင်းရဲသား ရပ်ကွက်တွေအတွင်း ရာဇဝတ်မှု တိုက်ဖျက်ရေး ညှိနှိုင်းဆောင်ရွက်တဲ့ ဒီစစ်ဆင်ရေးကို "One-Time, Big-Time" လို့ ဖိလစ်ပိုင်ရဲတွေက နာမည်တပ်ခဲ့ပါတယ်။
မနီလာမြို့တော် ဆင်းရဲသား ရပ်ကွက်ထဲက အသတ်ခံရတဲ့ မူးယစ်ရောင်းဝယ်သူ တယောက်ရဲ့ အဒေါ်က သူ့တူဟာ မူးယစ်ဆေးနဲ့ မပတ်သက်တော့တာကြာပြီ ဖြစ်ပေမယ့် သြဂုတ် ၁၆ ရက်နေ့က အသတ်ခံရတယ်လို့ ပြောပါတယ်။
ရဲတွေက မူးယစ်ဆေးသုံးတဲ့ လူတွေကို သတ်ဖြတ်မှုအတွက် သမ္မတကို အပြစ်တင်ပါတယ်။
အသက် ၁၆ နှစ်အရွယ်မှာ အသတ်ခံရသူရဲ့ မိခင်ကလည်း သူ့သားဟာ မူးယစ်ဆေး သုံးစွဲသူမဟုတ်ဘဲ မှားယွင်း အသတ်ခံရတာဖြစ်လို့ တရားမျှတမှုကို တောင်းဆိုတယ်လို့ ပြောပါတယ်။
မူးယစ်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြရာမှာ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ မိသားစုဝင် အတော်များများ လာရောက် ပူးပေါင်းခဲ့ပါတယ်။
သမ္မတရုံးပြောခွင့်ရ အားနက်စတို အာဘဲလာကတော့ ရဲတွေက သံသယရှိသူတွေကိုပါ သတ်နေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုပါတယ်။ လမ်းတွင်းအဆင့် မူးယစ်ဆေး ရောင်းသူတွေကို နှိမ်နင်းမှုကိုလည်း ခုခံပြောဆိုပါတယ်။
သမ္မတ ဒူတာတေးကလည်း မူးယစ်ဥပဒေကို ချိုးဖောက်သူတွေအား သတ်ဖြတ်တဲ့ ရဲအရာရှိတွေကို ခွင့်လွှတ်မယ့်အပြင် ရာထူးတိုးပေးမယ်လို့ ပြောရင်း ဒီလုပ်ရပ်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
အကဲခတ်တွေကတော့ ကိုယ်ထူကိုယ်ထ လုံခြုံရေးကင်းအဖွဲ့တွေက မူးယစ်ဆေး သုံးသူတွေကို ထောင်နဲ့ချီ သတ်ဖြတ်တဲ့ မဖြေရှင်းရသေးတဲ့ လူသတ်မှုတွေထဲမှာ ရဲတွေလည်း နောက်ကွယ်က ပါနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဖိလစ်ပိုင် ရဲတပ်ဖွဲ့နဲ့ အစိုးရကတော့ ဒီစွဲချက်ကို ပယ်ချခဲ့ပါတယ်။
5 years Ago