ဖိလစ်ပိုင်စစ်တပ်နှင့် မွတ်စလင်စစ်သွေးကြွ တိုက်ပွဲပြင်းထန်

April 11, 2016

ဖိလစ်ပိုင်စစ်တပ်နှင့် မွတ်စလင်စစ်သွေးကြွ တိုက်ပွဲပြင်းထန်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်စလင်စစ်သွေးကြွတွေနဲ့ ဖိလစ်ပိုင်စစ်တပ်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁၈ ဦး ကျဆုံးတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဧပြီ ၁၀ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်းက ဘာစီလန် (Basilan) ကျွန်းမှာ အဘူဆေရပ် (Abu Sayyaf)  အကြမ်းဖက်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဖိလစ်ပိုင်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မွတ်စလင် စစ်သွေးကြွတွေဘက်က မော်ရိုကိုနိုင်ငံသားတဦး အပါအ၀င် ၅ ဦး သေဆုံးခဲ့ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေညာထားတဲ့ အဘူဆေရပ် အကြမ်းဖက်ခေါင်းဆောင်ကို ဖိလစ်ပိုင်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ဖို့အသွား လမ်းမှာ အကြမ်းဖက် ၁၀၀ လောက်က ချုံခို တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီ အဘူဆေရပ် အကြမ်းဖက်ခေါင်းဆောင် အစ်နီလွန် ဟပီလွန် (Isnilon Hapilon) ကို အမေရိကန်အစိုးရကလည်း ဒေါ်လာ ၅ သန်း ဆုငွေထုတ်ထားပါတယ်။ တိုက်ပွဲတွေအတွင်း ဖိလစ်ပိုင်တပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦး ခေါင်းဖြတ်သတ်ဖြတ် ခံရတယ်လို့လည်း ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။ သေဆုံးသွားတဲ့ အကြမ်းဖက် ၅ ဦးထဲမှာ အကြမ်းဖက်ခေါင်းဆောင် ဟပီလွန်ရဲ့ သားတဦးလည်း ပါဝင်ပါတယ်။
6 years Ago
Up