မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲစဉ်အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်တို့ ဒီနေ့ နေ့လယ်က ယှဉ်ပြိုင်ရာ မြန်မာက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအမျိုးသမီးဟာ ဖိလစ်ပိုင်အသင်းကို တဘက်သတ် ဖိကစားနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၄ မိနစ်၊ မိနစ် ၈၀ နဲ့ နာကျင်အချိန်ပို ၉၃ မိနစ်မှာ ခင်မိုးဝေက ဟက်ထရစ်၊ ပွဲချိန် ၆ မိနစ်မှာ ဝင်းသိင်္ဂီထွန်းက ၁ ဂိုး၊ ၁၈ မိနစ်မှာ ရီရီဦးက ၁ ဂိုးနဲ့ ၁၉ မိနစ်မှာ နော်အားလိုဝါးဖောက ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
ဆီးဂိမ်းအမျိုးသမီးပွဲစဉ်တွေကို အိမ်ရှင် မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအမျိုးသမီးက အုပ်စုတွင်း ထိုင်းနဲ့ ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့ကာ အိမ်ရှင်မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကို အနိုင်ရခဲ့လို့ ရမှတ် ၆ မှတ်နဲ့ အုပ်စုတတိယနေရာ ရပြီး ကြေးတံဆိပ် ဆွတ်ခူးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago