ဖိလစ်ပိုင်ကာစီနိုကို

June 4, 2017

ဖိလစ်ပိုင်ကာစီနိုကို သေနတ်သမား သေနတ်ဖြင့် စီးနင်းမီးရှို့တိုက်ခိုက်ခဲ့သည့်ရုပ်သံ ထွက်ပေါ်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ လူ ၃၆ ဦး သေဆုံးမှုဖြစ်သွားတဲ့ ကာစီနိုအတွင်း သေနတ်သမားက ကာဆီနိုထဲ ဝင်ရောက်စီးနင်းပြီး လူတွေကို ပစ်ခတ်၊ မီးရှိုဖျက်ဆီးတိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် စီစီတီဗွီရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။ ခုချိန်ထိ အမည်မသိရသေးတဲ့ သေနတ်သမားက ရီဆော့တ်ဝါးလ်ဒ်မနီလာ ကာစီနိုနဲ့ဖျော်ဖြေရေး အဆောက်အအုံကြီးထဲကို ဇွန်လ ၂ ရက်နေ့မနက်က ရုတ်တရက်ရောက်လာပြီး လောင်းကစားစားပွဲတွေကို မီးတင်ရှို့ပြိး သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတာပါ။ လုံခြုံရေးတပ်သားတွေ သူ့ကို ရှာမတွေ့ခင် သူက သိုလှောင်ခန်းထဲက ပီဆို ၁၁၃ သန်း (အမေရိကန်ဒေါ်လာ ၂.၂၇ သန်း) နဲ့ ညီမျှတဲ့ ကာဆီနိုတိုကင်ပြားတွေ ခိုးယူနေတာကို လုံခြုံရေးကင်မရာက ရိုက်ကူးမိခဲ့တာပါ။ အဲ့ဒီနောက် ရဲတွေနဲ့ သေနတ်သမား အပြန်အလှန်ပစ်ခတ်စဉ်အတွင်း ရဲတွေက သူ့ကို အသေပစ်ခတ်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲတွေက ဒီပစ်ခတ်သတ်ဖြတ်မှုက လက်နက်ကိုင်လုယက်မှုလို့ ပြောဆိုပေမယ့် သမ္မတဒူတာဒေးအစိုးရကတော့ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ အိုင်အက်စ်တွေ ရှိတယ်လို့ အခိုင်အမာ ပြောလိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မနီလာ ရဲချုပ်က ဟိုတယ်ခန်းထဲ သေဆုံးနေတဲ့ သေနတ်သမားမှာ လူရာပေါင်းများစွာကို သတ်ဖြတ်ဖို့ ကျည်တွေနဲ့ဗုံးတွေ ပါတယ်လို့ ပြောလိုက်ပါတယ်။ “သူ့မှာရှိတဲ့ လက်နက်တွေ၊ ဗုံးတွေနဲ့ ဒီအဆောက်အအုံထဲမှာရှိတဲ့ လူရာဂဏန်းကို သတ်လို့ရလောက်တယ်။ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ မပစ်ခတ်ဘူး။ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဘူး၊ ကာဆီနိုကိုပဲ မီးရှို့ခဲ့တာ ဒီလို မီးရှို့တာက သူလွတ်မြောက်အောင် နည်းလမ်းသုံးတာ ဖြစ်နိုင်တယ်” လို့ ” လို့ ရဲချုပ် အော်စကာအယ်လ်ဘာရဲလ်ဒီက ပြောပါတယ်။ ဒီဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း မီးခိုးငွေ့တွေကနေ လွတ်အောင် ထွက်ပြေးကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေ သေဆုံးခဲ့ရပါတယ်။ အချို့လူတွေက ပြတင်းပေါက်တွေကနေ ခုန်ချကြတယ်လို့လည်း သတင်းမှာ ထုတ်ပြန်ထားပါတယ်။ ရီဆော့တ်ဝါးလ်ဒ်မနီလာရဲ့ တာဝန်ရှိသူတဦးက သေဆုံးမှုထဲမှာ ဝန်ထမ်း ၁၃ ဦးနဲ့ ဧည့်သည် အနည်းဆုံး ၂၂ ဦးပါဝင်တယ်လို့ ပြောပါတယ်။ စုံစမ်းမှုဆေးမှုအရ နောက်ထပ် လူ ၂ ဦးလည်း သေနတ်သမားနဲ့ ဆက်စပ်မှုရှိတယ်လို့ ရဲတွေက ပြောလိုက်ကြောင်း မေရာရဲ့ ဇွန်လ ၃ ရက်နေ့သတင်းမှာ      
4 years Ago
Up