ဖိလစ်ပိုင် မေယွန်မီးတောင် ချော်ရည်နှင့်ပြာများ ဆက်လက်မှုတ်ထုတ်

February 1, 2018

ဖိလစ်ပိုင် မေယွန်မီးတောင် ချော်ရည်နှင့်ပြာများ ဆက်လက်မှုတ်ထုတ်

ဖိလစ်ပိုင်နိုင်ငံက မေယွန်မီးတောင်ဟာ ဇန်နဝါရီ ၃၁ ရက် ညမှာ ချော်ရည်နဲ့ ပြာတွေကို ဆက်ပြီး မှုတ်ထုတ်နေပါတယ်။ မီးတောင်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက စတင်အသက်ဝင်လာတာမို့ အခု လဝက်နီးပါး ရှိနေပါပြီ။ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းမှာ အသေးစား မီးတောင်ပေါက်မှုဖြစ်ခဲ့ပြီး ညပိုင်းမှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ မီးတောင်ပေါက်ကွဲနိုင်မှု အန္တရာယ်သတ်မှတ်ချက် အဆင့် ၄ အထိ သတ်မှတ်ထားပါတယ်။ မီးတောင်ပေါက်ကွဲမှုတွေဟာ တလကျော်အထိ ကြာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။ မီးတောင်နားမှာ နေထိုင်သူ ၇၇၀၀၀ နီးပါးဟာ ဘေးလွတ်ရာ ကျောင်းတွေနဲ့ ယာယီတဲတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။ လက်ရှိအချိန်အထိ ပေါက်ကွဲမှုတွေမှာ ဒဏ်ရာရသူ မရှိသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up