ဖိလစ်ပိုင် ဘိုရာကေးကျွန်းပေါ်က

April 6, 2018

ဖိလစ်ပိုင် ဘိုရာကေးကျွန်းပေါ်က စီးပွားရေးလုပ်ငန်းများ ဖျက်သိမ်းရန် သတိပေး

  ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက် လည်ပတ်ရာ ဘိုရာကေးကျွန်းပေါ်က စီးပွားရေးလုပ်ငန်းတွေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် တရားစွဲသွားဖို့ အဆင်သင့်ပဲလို့ ဧပြီ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သမ္မတ ရိုဒရီဂို ဒူဒါတေက ဘိုရာကေးကျွန်းဆီ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လည်ပတ်မှုကို ပိတ်ပင်တားမြစ်မယ့် စီမံကိန်းတွေကို ဧပြီ ၄ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ သဲဖြူ ကမ်းခြေတွေပေါ်မှာ အပန်းဖြေစခန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့ အမှိုက်သရိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ကျွန်းကို ရေပုပ်ကန်လို့ နာမည်ပေးခံရတာပါ။ အဲဒီနောက် ကျွန်းပေါ်မှာ ၆ လကြာ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစိုးရက ပြင်ဆင်နေပါတယ်။ ဧပြီ ၂၆ ရက်ကစပြီး ဘိုရာကေးကျွန်းရဲ့ စိမ့်မြေနဲ့ သစ်တောမြေပေါ်က တရားမဝင် အဆောက်အဦတွေကိုဖျက်ပြီး မိလ္လာစနစ်တွေ လမ်းတွေကို ပြန်ပြင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ လှပတဲ့ ညရှုခင်းတွေနဲ့ ရေပေါ်အားကစားနည်းတွေကြောင့် မနှစ်က ဒီကျွန်းပေါ်ကို ခရီးသည် အယောက် ၂ သန်းနီးပါး လာရောက်လည်ပတ်ခဲ့ပါတယ်။
3 years Ago
Up