ဖိလစ်ပိုင်သမ္မတ

A d v e r t i s e m e n t With Us

July 23, 2019

တရုတ်နှင့် ဆက်ဆံရေးကို ကာကွယ်ပြောဆိုခဲ့သည့် ဖိလစ်ပိုင်သမ္မတအား လူထောင်ချီ ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေက တရုတ်နဲ့ဆက်ဆံရေးကို ကာကွယ်ပြောဆိုအပြီး ဖိလစ်ပိုင်မြို့တော် မနီလာက လမ်းတွေပေါ်မှာ ဇူလိုင် ၂၂ ရက်က လူထောင်ချီ ဆန္ဒပြနေကြပါတယ်။ တရုတ်က ပင်လယ်ပိုင်နက်ကိစ္စ အခိုင်အမာ ပြောနေတာကို စိန်ခေါ်ဖို့ ငြင်းတာဟာ အလျှော့ပေးတာမဟုတ်ဘဲ ပဋိပက္ခကို ရှောင်ရှားတာသာ ဖြစ်တယ်လို့ ဒူတာတေက ပြောပါတယ်။ နှစ်စဉ်ပြောနေကျ နိုင်ငံတော်အခြေအနေပြ မိန့်ခွန်းအတွင်း ဒူတာတေက အင်အား အဆမတန် သာလွန်တဲ့ စစ်တပ်နဲ့ ရေပိုင်နက်တခုတည်းကို ပိုင်ကြောင်း ထိပ်တိုက်တွေ့ပြီး ပြောနေတာဟာ အသိတရား ကင်းမဲ့ရာကျတယ်လို့ ဒူတာတေက ငြင်းခုန်ပြောဆိုပါတယ်။ တရုတ်အပေါ် အစိုးရရဲ့ ရပ်တည်ချက်နဲ့ မူးယစ်စစ်ပွဲတို့ကို မကျေနပ်လို့ ဆန္ဒပြသူ အယောက် ၃၀၀၀ လောက် အစိုးရကို ပြစ်တင်ရှုတ်ချရင်း လမ်းတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အလံတွေ၊ သေနတ်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဒူတာတေပုံတူ အရုပ်ကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဒူတာတေဟာ အကောင်အထည် မပေါ်သေးတဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တိုင်းပြည်ရဲ့ အချုပ်အခြာကို လောင်းကြေးထပ် ကစားတယ်လို့ ဝေဖန်သူတွေက စွပ်စွဲပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွင်း ရဲတွေသတ်လို့ လူထောင်ချီ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇူလိုင် ၁၁ ရက်မှာ ဆုံးဖြတ်ခဲ့ပေမယ့် ဒူတာတေကတော့ သူ့ရဲ့ မူးယစ်စစ်ပွဲအတွက် နောက်ထပ် အကိုးအကားတွေကို ထုတ်ပြခဲ့ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ ကနဦး စစ်ဆေးမှုကိုလည်း သရော်လှောင်ပြောင်ရင်း စစ်ဆေးမေးမြန်းရာမှာ လေအေးပေးစက် အကျဉ်းခန်းတွေ၊ ကန့်သတ်မဲ့ လာရောက် လည်ပတ်ခွင့်တွေ အပါအဝင် အခြေအနေ တချို့အတွက် သဘောတူပေးကောင်း ပေးမယ်လို့ သရော်ပြောဆိုခဲ့ပါတယ်။
2 years Ago

February 24, 2018

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ

ဖိလစ်ပိုင်မြို့တော် မနီလာမှာ ဒီနေ့မနက်ပိုင်းက ရာနဲ့ချီတဲ့ ကက်သလစ်ခရစ်ယာန်တွေဟာ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း ဆက်လက်သတ်ဖြတ်နေမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရဲ့ မူဝါဒတွေဟာ လူ့အသက်ကို လိုလားတဲ့ မူဝါဒမဟုတ်ဘူးလို့ သူတို့က ပြောပြီး သင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေက တရားဟောပါတယ်။ ထောင်နဲ့ချီတဲ့ ယုံကြည်ကိုးကွယ်သူတွေကလည်း စိတ်ပုတီးတွေနဲ့ ဝတ်ပြုကြပြီး ဓမ္မသီချင်းတွေကို သီဆိုခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ကြန့်ကြာနေတဲ့ သေဒဏ်ကို ပြန်လည်အသက်သွင်းမယ့် ဥပဒေ မူကြမ်းကိုလည်း ဆန္ဒပြခဲ့ပါတယ်။ မနီလာမြို့တော်က ခရစ်ယာန် ဘုန်းတော်ကြီး ဘရော့ဒရစ် ပါဘီလိုက “ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲ၊ ဥပဒေပြင်ပ သတ်ဖြတ်မှု သတင်းတွေ ကြားနေရဆဲပဲ။ လွှတ်တော်ထဲမှာလည်း သေဒဏ်အတွက် ဥပဒေမူကြမ်းက ရှိနေတယ်” လို့ ပြောပါတယ်။ ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းမှုကို ဆန့်ကျင်ပြီး ၂၀၁၇ ဖေဖော်ဝါရီက ဘဝလမ်းကြောင်းလို့ ခေါ်တဲ့ ညီလာခံကို ဖိလစ်ပိုင် ကက်သလစ်ဘုန်းတော်ကြီးတွေ ညီလာခံကို ကျင်းပခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒူတာတေး အာဏာရပြီးတည်းက ခုထိ မူးယစ်ဆေး သုံးသူလို့ သံသယရှိတဲ့လူ အယောက် ၃ ထောင်ကျော် သေဆုံးခဲ့ပြီးပါပြီ။  ရဲတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်မိတာလို့ ပြောပါတယ်။ ဖိလစ်ပိုင်လူမျိုး ၁၀ ယောက်မှာ ၈ ယောက်က ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပါတယ်။
3 years Ago
More News
Up