ဖိလစ်ပိုင်

July 27, 2019

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် ၈ ဦး သေဆုံး၊ ၆၀ ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ဇူလိုင် ၂၇ ရက်နေ့က မြေငလျင်နဲ့ နောက်ဆက်တွဲ   ငလျင်တွေ ကြောင့် လူ ၈ ယောက် သေဆုံးပြီး ၆၀ ဒဏ်ရာရခဲ့ပါတယ်။ မြေငလျင်ဟာ ကနဦးအနေနဲ့ မနက် ၄ နာရီအချိန်  လူဇုန်ကျွန်း ဘတ်တာနဲမြို့မှာ ပြင်းအား ၅ ဒသမ ၄ အဆင့် လှုပ်ခဲ့တယ်လို့ The Strait Times  သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနောက် မနက် ၇ နာရီခွဲအချိန် အဲဒီမြို့မှာပဲ  ၅ ဒသမ ၉ အဆင့် လှုပ်ခဲ့တယ်လို့ သိရပါတယ်။ အနည်းငယ် အကြာမှာ နောက်ဆက်တွဲ ငလျင်ကြီး ထပ်လှုပ်ခဲ့ပါတယ်။ ငလျင်ကြောင့် နေအိမ်ပျက်စီးသွားပုံကို အစ်ဘာရာမြို့ ကျောင်းဆရာမ တဦးကနေ ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒေသခံတွေကလည်း ကွင်းပြင်တခုမှာ စုဝေးနေပြိး ဆရာမ အက်ဒ်နာဂါတိုက သူနဲ့ ကွင်းပြင်မှာ အတူ စုဝေးနေသူ ၁ ထောင်ကျော် ရှိတယ်လို့ ပြောပါတယ်။ အိမ်သစ်တွေ ထိခိုက်ပျက်စီးပြိး အိမ်အိုအိမ်ဟောင်းတွေ လုံးဝပြိုကျခဲ့တယ်လို့ အက်ဒ်နာဂါတိုက ဆိုပါတယ်။ ငလျင်လှုပ်ရာ ကျွန်းတွေကို ဆေးဘက်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားတယ်လိံ အမျိုးသားသဘာဝဘေ့းအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
2 years Ago

June 29, 2019

ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွင် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၃ ဦးအပါအဝင် ၈ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း စစ်အခြေစိုက်စခန်းတခုမှာ ဇွန် ၂၈ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သား ၃ ယောက် အပါအ၀င် ၈  ယောက် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ အမာခံနယ်မြေ ဟိုလိုကျွန်းပေါ်က စစ်အခြေစိုက်တခုမှာ ဖြစ်ခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်ကပြောပါတယ်။ အိုင်အက်စ်အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့လုပ်ချက်ဖြစ်တယ်လို့ အာမက်သတင်းဌာနက ကြေညာပါတယ်။ အာမက်သတင်းဌာန တင်တဲ့ပို့စ်မှာ ဖောက်ခွဲရေးပစ္စည်းတပ်  အကျီဝတ်ထားပုံရတဲ့ လူငယ်နှစ်ယောက် အိုင်အက်စ် အလံဘေး ရပ်နေပုံကို ပြသခဲ့ပါတယ်။ အိုက်အက်စ်အဖွဲ့ ပြောကြားချက်ကိုရော အဲဒီဓာတ်ပုံကိုပါ ချက်ချင်း အတည်မပြု နိုင်သေးပါဘူး။ ဒီဖြစ်ရပ်ဟာ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ကို သုတ်သင်လိုတဲ့ သမ္မတ ဒူတာတေးအဖို့ ကြီးမားတဲ့ အတားအဆီး ဖြစ်လာမှာပါ။ သမ္မတ ဒူတာတေးက လာမယ့် ၂၀၂၂ မှာ ဟိုလိုကျွန်းပေါ်တပ်စွဲဖို့  တပ်ဖွဲ့ဝင် ၄၅၀၀ ပါဝင်တဲ့ အထူးတပ်မဖွဲ့စည်းထားပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတရုံးက  ချက်ချင်း မှတ်ချက်ပေးတာ မရှိသေးပါဘူး။
2 years Ago
More News
Up