ဖိတ်ခေါ်ပြိုင်ပွဲ

February 7, 2019

ဖိတ်​​ခေါ်ဖလား ယှဉ်​ပြိုင်​ရန်​ မြန်မာအမျိုးသမီးအသင်း အိန္ဒိယသို့ ထွက်​ခွာ

အိန္ဒိယနိုင်​ငံမှာ ဖေဖော်ဝါရီ ၉ ရက်က​နေ ၁၅ ရက်အထိ လက်ခံကျင်းပမယ့်​ လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဖလား ယှဉ်ပြိုင်ကစားဖို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ​ဖေ​ဖော်​ဝါရီ ၇ ရက်​​ နေ့လယ်ပိုင်းက ရန်​ကုန်​​လေဆိပ်ကနေ ထွက်ခွာသွားပါတယ်​။ အဲဒီပြိုင်ပွဲမှာ အိမ်ရှင်အိန္ဒိယ အပါအဝင် မြန်မာ၊ အီရန်၊ နီပေါအသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်တွေ အပြီးမှာ အုပ်စု ပထမနဲ့ ဒုတိယအသင်း​တွေက ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်​။ ​​အိန္ဒိယ လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်​အဖြစ်​ ဦးဝင်းသူမိုးက ကိုင်တွယ်​နေပြီး အသင်းအုပ်​ချုပ်​သူအဖြစ်​ ဦးတင်​မြင့်​​အောင် အပါအဝင်​ အုပ်ချုပ်မှု နည်းပြ အဖွဲ့ဝင် ၈ ဦး၊ ကစားသမား ၂၀ ဦးတို့ ပါဝင်​ပါတယ်​။ နည်းပြချုပ် ဦးဝင်းသူမိုးက "ကျနော့်လက်​ထက်​မှာ လူငယ်​မျိုးဆက်​သစ်​​တွေကို ထပ်​တိုး​ ရွေးချယ်​ပြီး ​လေ့ကျင့်​​ပေးထားတယ်​။ ဒီပွဲက ဖိတ်ခေါ်ပွဲဆို​တော့ ကစားသမားအားလုံးရဲ့ ​ခြေစွမ်းကို စမ်းသပ်​မှာဖြစ်​သလို ​အောင်​မြင်​မှုရဖို့လည်း ပစ်​မှတ်​ထားပါတယ်​။ ​လိဂ်​ပွဲ​တွေရှိလို့ အပြီးသတ်​ ကစားသမားစာရင်းနဲ့ လေ့ကျင့်​တာက​တော့ တပတ်​​လောက်​ပဲ ရှိပါသေးတယ်​။ ဘာပဲဖြစ်​ဖြစ်​ ပရိသတ်​​တွေရဲ့ အနိုင်​ရ​စေချင်​တဲ့ဆန္ဒကို ဖြည့်ဆည်း​ပေးနိုင်​ဖို့ အစွမ်းကုန်​ ကြိုးစားသွားမှာပါ" လို့ ​ပြောပါတယ်​။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဖေ​ဖော်​ဝါရီ ၉ ရက်​မှာ နီပေါအသင်း၊ ဒုတိယပွဲစဉ်အဖြစ် ​ဖေ​ဖော်​ဝါရီ ၁၁ ရက်​မှာ အီရန်အသင်း၊ တတိယပွဲစဉ်အဖြစ် ​ဖေ​ဖော်​ဝါရီ ၁၃ ရက်​မှာ အိမ်ရှင် အိန္ဒိယအသင်း​တွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်​ပါတယ်​။
2 years Ago
Up