ဖာနိုင်ဒိုကို အနိုင်ရ

March 5, 2017

ဒူဘိုင်းတင်းနစ်ဗိုလ်လုပွဲတွင် အန်ဒီမာရေးက ဖာနိုင်ဒိုကို အနိုင်ရ (ရုပ်သံ)

စနေနေ့က ယှဉ်ပြိုင်သွားတဲ့ ဒူဘိုင်း ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဗြိတိန်သား အင်ဒီ မာရေးက စပိန်က ဖာနန်ဒို ဗာဒတ်စကို ၂ ပွဲပြတ်နဲ့ အနိုင်ရ သွားပါတယ်။ ကမ္ဘာ့နံပါတစ် မာရေးဟာ စပိန်ကစားသမားတွေ ယှဉ်ပြိုင်ဖူးတဲ့ ၁၃ ကြိမ်မှာ ၁၂ ကြိမ်အထိ အနိုင်ရထားပါတယ်။ ဒီပွဲမှာ ဗာဒတ်စ်ကိုရဲ့ စပေးဘောတွေကို မာရေး အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး ထောင့်ဖြတ်ရိုက်တွေကနေ အမှတ်ယူနိုင်ခဲ့ပါတယ်။ အပြန်အလှန် အကွက်ချ ရိုက်ချက်တွေမှာလည်း စပိန်သား မယှဉ်နိုင်လို့ မာရေးကပဲ ပထမပွဲကို ၆ - ၃၊ ဒုတိယပွဲကို ၆ - ၂နဲ့ အနိုင်ရသွားပါတယ်။ ဂရန်းစလန်း ဆုဖလား ၃ ခု ရထားတဲ့ မာရေးအတွက် ဒူဘိုင်း ချန်ပီယံဆုဟာ ၂၀၁၇ မှာ ပထမဆုံးရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
5 years Ago
Up