ဖားကန့် ရွှံ့နွံကန်ထဲမှ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး၏အလောင်းများ တွေ့ရှိ

June 3, 2018

ဖားကန့် ရွှံ့နွံကန်ထဲမှ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး၏အလောင်းများ တွေ့ရှိ

  ကချင်ပြန်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ မြေစာပုံပြိုကျလို့ သေဆုံးသွားခဲ့တဲ့ ရေမဆေးကျောက်ရှာသူ အလုပ်သမား ၂ ဦးရဲ့ အလောင်းတွေကို မနေ့က တွေ့ရှိခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ မေလ ၃၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်က မှော်စီစာကျေးရွာ ရွာမရပ်ကွက်မှာ ရပ်နားထားတဲ့ စံတော်ဝင် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ရဲ့ အမြင့်ပေ ၁၅၀ လောက်ရှိတဲ့ မြေစာပုံဟာ မိုးရွာတဲ့အရှိန်ကြောင့်  ပြိုခဲ့ရာ မြေစာပုံအောက်မှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ မြင့်ကျော် (၄၁ နှစ်)နဲ့ အောင်ဘို (၄၀ နှစ်)တို့ ၂ ဦးကို မြေစာပုံနဲ့အတူ ပေ ၄၀၀ လောက်အကျယ်ရှိ ရွှံ့နွံကန်တဲ့ ပါသွားနစ်မြှုပ်ခဲ့တာပါ။ မေလ ၂ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ နွံကန်ပေါ်သို့ ပုပ်ပွသေဆုံးပြီး အလောင်းတွေ ပြန်ပေါ်လာတဲ့အတွက် ဆယ်ယူကာ လုံးခင်းဆေးရုံကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။ မြေစာပုံမြို့ကျသေဆုံးခဲ့တဲ့ ဦးမြင့်ကျော်နဲ့ ဦးအောင်ဘိုတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး လုံးခင်းရဲစခန်းမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
3 years Ago
Up