ဖားကန့်နှင့် ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င်ရွှေတူးဖော်ယာဉ်များကို တပ်မတော်ဖမ်းဆီး

November 20, 2017

ဖားကန့်နှင့် ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င်ရွှေတူးဖော်ယာဉ်များကို တပ်မတော်ဖမ်းဆီး

  ကချင်ပြည်နယ် ဖားကန့်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွေမှာ တရားမဝင် ရွှေတူးဖော်တဲ့ ဘက်ဟိုးယာဉ်တွေကို တပ်မတော်က ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခလရ ၂၅၄ နဲ့ ခလရ ၂၅၁ က တပ်မတော်သားတွေဟာ နိုဝင်ဘာ ၁၉ ရက်က ဟုမ္မလင်းမြို့နယ်၊ နန့်စလောင်း မှော်လုပ်ကွက်က ၄ စီး၊ ဖားကန့်မြို့နယ်၊ ချမ်းသာကုန်းကျေးရွာက ၅ စီးကို ဖမ်းမိခဲ့တာပါ။ နိုဝင်ဘာ ၁၈ ရက်ကလည်း နန့်စလောင်း မှော်လုပ်ကွက်ကနေ ဘက်ဟိုး ၄ စီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဘက်ဟိုးတွေကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာ ဖြစ်ပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းက ခလရ ၂၇၄ မှာ ထိန်းသိမ်းထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက အခုနေရာ ဝန်းကျင်တွေမှာ ရွှေတူးဖော်တဲ့ ဘက်ဟိုးတွေ မကြာခဏ ဖမ်းမိနေတာလည်း ဖြစ်ပါတယ်။
4 years Ago
Up