ဖားကန့်မြေစာပုံ

May 4, 2018

ဖားကန့်မြေစာပုံပြိုကျ၊ ရေမဆေးကျောက်ရှာသမားများသေဆုံး

  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝေခါရွာမှာ ဒီကနေ့ မနက် ၄နာရီကျော်လောက်က မိုင်းခွဲစွန့်ပစ် မြေစာပုံ မောက်တောင်ပြိုကျပြီး  ရေမဆေး ကျောက်တူးသမားတွေ မြေပိသေဆုံးသွားပါတယ်။ ဝေခါကျေးရွာရှိ ကျောက်မျက်ရွှေပြည်လုပ်ကွက်အမှတ် (၅၈)က မြေစာပုံဟာ ဆင်းရွှေဝါလုပ်ကွက်အမှတ် ( ၄၄၃ )ထဲကို ပြိုကျသွားတာဖြစ်ပြီး လက်ရှိ အချိန်ထိ  သေဆုံးသူ ၁၂ ဦးလောက်ရှိနေပြီလို့ အခင်းဖြစ်ရာနေရာကိုသွားရောက်ခဲ့တဲ့ သင်္ခါလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့လူမှုကူညီရေးအဖွဲ့တော့ အဲဒီကို မနက် ၇ နာရီလောက်မှာ ရောက်သွားပါတယ်။ တခြားလူမှုကူညီရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တွေ၊  တာဝန်ရှိသူတွေလည်း အများကြီး ၀ိုင်းကူနေကြပါတယ်။ ဒီမနက် ၁၁ နာရီခွဲထိ တူးဖော်ရသလောက်ကတော့ ၁၁ယောက်က အသေ ရတယ်။ နောက်ထပ် ၂ ယောက်က တိုက်နယ်ဆေးရုံမှာ ၁ ယောက်သေတယ်။ ဖားကန့်ေ ဆးရုံမှာ ၁ ယောက်သေတယ်။ အရေးပေါ်လူနာက ၆ ယောက်။ အဲဒီထဲမှာ စိုးရိမ်ရတာက ၁ ယောက်ပါတယ်။ မန္တလေးဆေးရုံကို ပို့ရမယ်” သေဆုံးဒဏ်ရာရသူအများစုက အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား လူငယ်တွေဖြစ်ပြီး အသက် ၄၅ နှစ်ရွယ် လူကြီးတစ်ဦးသာ ပါဝင်ကြောင်း ၊ သူတို့ဟာ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကနေ လာပြီး ရေမဆေးကျောက်ရှာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ တူးဖော်ကယ်ဆယ်ရေးကိုတော့ မွန်းလွဲပိုင်းမှာ ပြန်စဖို့ရှိပြီး  မြေအောက်မှာ ပိမိနေသူတွေ ဘယ်လောက်ကျန်သေးမသိရသေးဘဲ လူပျောက်စာရင်းလာတိုင်ထားတာကတော့ ၄ ယောက်ဘဲရှိသေးတယ်လို့သိရပါတယ်။ မြေပြိုရတာနဲ့ပတ်သက်ပြီး ဆိတ်မူအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းက“ ထွန်းေ တာက်ပကုမ္ပဏီလုပ်ကွက် မောက်တောင်ပြိုကျတာပေါ့နော်၊ မောက်တောင် ဆိုတာကတော့ မိုင်းတွေနဲ့ခွဲထားတဲ့ မြေတွေစုနေတာ၊ မြေသားခိုင်မာမှုမရှိတော့ ပြိုကျတာပေါ့၊ သူတို့က ကုမ္ပဏီ က ခွင့်ပြုတဲ့အချိန်အတွင်း ရေမဆေးကျောက်တွေတူးရတာလေ၊ ညခွင့်ပြုရင် ညမှတူးရတာပေါ့ ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဖားကန့်ဒေသမှာ အနယ်နယ်အရပ်ရပ်ကလာပြီး ရေမဆေးကျောက်ရှာသူတွေ ထောင်ေ သာင်းမကရှိနေပြီး  မြေစာပုံပြိုကျမှုအန္တရာယ်ကြောင့် လူသေဆုံးမှုတွေလည်း နှစ်စဉ်ရင်ဆိုင်နေရပါတယ်။
3 years Ago
Up