ဖားကန့်မြေစာပုံပြိုကျ၍ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

June 13, 2018

ဖားကန့်မြေစာပုံပြိုကျ၍ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်မျက်ကုမ္ပဏီတခုရဲ့ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတဦး သေဆုံးပြီး တဦးဒဏ်ရာရရှိသွားတယ်လို့  ပြည်ထဲရေး ဌာနက သတင်းထုတ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ၇နာရီအချိန်က ဖားကန့်မြို့နယ်၊ ဘဇံချောင်းကျေးရွာရှိ မိုးရာသီ လုပ်ငန်းခတ္တရပ်နားထားတဲ့ ယွန်းရွှေရည် အကျိုးတူကျောက်မျက်ကုမ္ပဏီ လုပ်ကွက်မှာ အမြင့်ပေ ၂၀၀ ခန့်က မြေစာထုပြိုကျခဲ့တာပါ။ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေနေသူ အသက် ၃၈နှစ်အရွယ် ကိုစိုးလှိုင်  ဦးခေါင်းကွဲဒဏ်ရာနဲ့ သေဆုံးပြီး အသက် ၂၇နှစ်အရွယ် ကိုကျော်ထွေးကတော့ ယာဘက် လက်ကျိုး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
3 years Ago
Up