ဖားကန့်

July 28, 2019

ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၇ ဦးသေဆုံး၊ ၁၁ ဦးပျောက်ဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်က အမြင့်ပေ ၁ ထောင်လောက်ရှိတဲ့  စိန်လုံတောင် ကျောက်စိမ်းလုပ်ကွက် ကမ်းပါး ပြိုကျခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာ၊ ကရင်ချောင်ကျေးရွာ၊ချောင်းဖျားကျေးရွာ  အနီးအနားမှာ ကမ်းပါး ပြိုကျခဲ့တာပါ။ ကမ်းပါးပြိုကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း ၁၅ ဦးနဲ့ လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်းတခု ရဲတပ်ဖွဲ့ဝင် ၃ ဦး မြေပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့  ပြိုကျသွားတဲ့ စိန်လုံတောင်ကြောအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ မှ ရဲမှူးက ပြောပါတယ်။ " ရဲတပ်ဖွဲ့ဝင် ငါးယောက်ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျက် ပြန်လွတ်လာတယ်။ ၃ ဦးကတော့ သေဆုံးတယ်။ အလောင်းကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်း ရှာတွေ့ပြီ၊ ကုမ္မဏီလုံခြုံရး ဝန်ထမ်းက ၁၅ ဦးပါသွားတာ ၆ လောင်းတော့ ပြန်ရပြီ။ အားလုံးပေါင်း လောလောဆယ် ၇ လောင်းတော့ ရှာတွေ့ထားပြီ။" တပိုင်တနိုင် လက်ကျင်းတူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ “အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော်။ အနည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော်" လို့ ဟင်းတင့်ရွာသားတဦးကလည်း ပြောပါတယ်။ ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့တဲ့ ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။ မိုးရာသီမှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးတွင်းကာလ သုံးလကို တရားဝင် ရပ်နားထားဖို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဇော်မိုးထက် (ဖားကန့်)
2 years Ago

June 22, 2019

ဖားကန့်တွင် မြေပြိုကျသဖြင့် ၂ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၂၁ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာရှိ ဂျိတ်လင်း ကုမ္ပဏီနဲ့ ရွှေနဂါး ကိုးကောင်ကုမ္ပဏီ လုပ်ကွက်ဟောင်းကြားရှိ မြေသားကမ်းပါးယံမှာ ဦးမခေါ်တန်ဂွန်း (၄၂) နှစ်အပါအ၀င် ကျား ၄ ဦးတို့ ရေမဆေး ကျောက်ရှာဖွေနေစဉ် အမြင့် ၅၀ ပေခန့်ရှိ ကမ်းပါးမှ မြေသားတွေ ပြိုကျခဲ့တာပါ။ ဦးမခေါ်အောင်လတ်အပါအ၀င် ၂ ဦးတို့ မြေစာတွေနဲ့အတူ မျောပါပျောက်ဆုံးသွားပြီး ဦးမခေါ်တန်ဂွန်းနဲ့ အခြားတဦးကတော့ ဦးခေါင်း၊ နဖူး၊ ယာခြေသလုံး၊ ပွန်းခြစ် ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ ဖားကန့်မြို့မရဲစခန်းမှူး ဒုရဲမှူး မင်းဇော် ဦးစီးအဖွဲ့က ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသခဲ့ထားပါတယ်။ မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးသူ ၂ ဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ သရပါတယ်။
2 years Ago

ဖားကန့်တွင် အင်အား ၄.၃ အဆင့်ရှိ မြေငလျင်လှုပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ည ၁၁ နာရီကျော်က မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇွန် ၂၁ ရက်နေ့ည ၂၃ နာရီ ၁၂ မိနစ် ၂၇ စက္ကန့်အချိန်က ဖားကန့်မြို့ရဲ့ အနောက်ဘက် ၂၂ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၆၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၉၆ ဒီဂရီ၊ အနက် ၆၀ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up