မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ဖားကန့် အန်အယ်လ်ဒီအမတ်
Home
ဖားကန့် အန်အယ်လ်ဒီအမတ်
A
d
v
e
r
t
i
s
e
m
e
n
t
With Us
January 14, 2021
1K
ဖားကန့် အန်အယ်လ်ဒီအမတ်ကို တပ်မတော်က တရားစွဲ
တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်တယ် ဆိုပြီး ဖားကန့်မြို့နယ် အန်အယ်လ်ဒီအမတ် ဦးခင်မောင်မြင့်(ခ) ဦးချိုကို တပ်မတော်က ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုလိုက်တယ်လို့ ရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။
ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉)၊ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချို ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က ဖားကန့်မြို့နယ်တရားရုံးမှာ ပုဒ်မ (၅၀၀) နဲ့ ဒီဇင်ဘာ ၈ ရက် နေ့က အမှုဖွင့်ခဲ့တာပါ။
အ
ခုလို တရားစွဲခံရတာဟာ ၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်နေ့ပါ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့တဲ့ ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ တင်ပြစာမှာ တပ်မတော် အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းဝေါဟာရတွေ ပါရှိနေတာကြောင့်လို့ ဒီဗွီဘီက စုံစမ်း သိရှိရပါတယ်။
အမျိုးသားလွှတ်တော် ဦးခင်မောင်မြင့်က ဖားကန့်မြို့နယ်၊ ဟောင်းပါကျေးရွာအုပ်စုမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်၊ ယန္တရားစက်ကြီးတွေ ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော် သမ္မတထံ တင်ပြခဲ့တာလို့ သိရပါတယ်။
အဲဒီတင်ပြခဲ့တဲ့ စာတွေထဲမှာ မဟုတ်မမှန် တမင်ကြံလုပ်တင်ပြခဲ့မှုတွေရှိခဲ့တယ် ဆိုပြီး ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ တပ်မတော်အရာရှိတဦးက ဖားကန့်မြို့နယ် တရားရုံးကို တိုင်ကြားခဲ့မှုကို ဖားကန့်မြို့နယ်တရားရုံးက ရာကြီးအမှုအမှတ် ၅၈၁/၂၀၂၀ ၊ ပုဒ်မ ၅၀၀ နဲ့ လက်ခံရရှိခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၈ ရက်နေ့က ပထမရုံးချိန်းပြုလုပ်ခဲ့ပြီး အဲဒီ ရုံးချိန်းမှာ တရားသူကြီးဆီမှာ အာမခံယူခဲ့ပါတယ်။ ဒုတိယ ရုံးချိန်းကို ဇန်နဝါရီ ၁၈ရက်နေ့မှာ ချိန်းဆိုထားပါတယ်။
ဦးချို (ခ) ဦးခင်မောင်မြင့်ဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေဆဲဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ထပ်မံ အနိုင်ရရှိထားသူဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တယောက် အခုလို တပ်မတော်ရဲ့တရားစွဲဆိုခြင်းခံရတဲ့အပေါ် ဖားကန့်မြို့နယ် တရားသူကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျင့်ဝတ်အရ ဖြေဆိုခွင့်မရှိ ကြောင်းနဲ့ နှစ်ဘက် ကာယကံရှင်တွေကိုသာ မေးဖို့ ပြောဆိုခဲ့ပါတယ်။
အမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားခံရသူ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို ဆက်သွယ်ခဲ့ရာ ဖြေကြားခဲ့ခြင်း မရှိခဲ့သလို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။
သတင်း - ဇော်မိုးထက် (ဖားကန့်)
2 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up