ဖားကန့်မှော်တွင်း

May 12, 2021

ဖားကန့်မှော်တွင်း ပြောက်ကျားသပိတ်ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့် အေးမြသာယာ သပိတ်စစ်ကြောင်းဟာ မေလ ၁၂ ရက် မနက်ပိုင်းက မှော်တွင်းမှာပဲ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေဟာ မနက် ၉ နာရီလောက်က သပိတ်စစ်ကြောင်း စုရပ်မှာ လာစောင့်နေခဲ့ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဆန်းကြွယ်ရပ်ကျေးဥက္ကဋ္ဌ ဓားထိုးခံရလို့ သေဆုံးခဲ့ပြီးနောက် ဖားကန့်မြို့နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပါတယ်။

7 months Ago
Up