ဖာရီယာ

May 5, 2018

ဖာရီယာ အာဆင်နယ်နည်းပြရာထူးဖြင့် သင့်တော်ကြောင်း မော်ရင်ဟို ပြော

  မန်ယူအသင်း လက်ထောက်နည်းပြ ဖာရီယာဟာ အာဆင်နယ်နည်းပြရာထူးနဲ့ သင့်တော်သူဖြစ်တယ်လို့  မော်ရင်ဟို က ပြောကြားလိုက်ပါတယ်။ အာဆင်နယ်နည်းပြရာထူးအတွက် လီဗာပူးလက်ထောက် နည်းပြဗူဗက်စ်နဲ့ သတင်းထွက်နေသလို မန်ယူလက်ထောက်နည်းပြ ဖာရီယာနဲ့ သတင်းထွက်နေတာပါ။ မန်ယူ လက်ထောက်နည်းပြ ဖာရီယာဟာ အာဆင်နယ်နည်းပြ ရာထူးနဲ့  အဆင်ပြေနိုင်မလားဆိုတဲ့ မီဒီယာတွေရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အဆင်ပြေနိုင်တယ်လို့ မော်ရင်ဟိုက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြရာထူးနဲ့ ဖာရီယာ အဆင်ပြေနိုင်ပေမယ့် သူကနည်းပြ အဖြစ် ကိုင်တွယ်ချင်သလားဆိုတာ မသိသေးကြောင်း၊ ဖာရီယာဟာ မိမိရဲ့ လက်ထောက်နည်းပြဆိုတာထက် သူငယ်ချင်းတဦးဖြစ်ကြောင်းနဲ့ ထိပ်တန်အသင်းတသင်းကို ကိုင်တွယ်ချင်တယ်ဆိုရင် ကူညီမှုတွေပေးဖို့ အသင့်ရှိတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ပေါ်တူဂီနည်းပြ ဖာရီယာနဲ့ မော်ရင်ဟိုတို့ဟာ ပေါ်တိုအသင်းမှာ ရှိစဉ်ကတည်းက အတူလက်တွဲလာသူတွေ ဖြစ်ပါတယ်။
4 years Ago
Up