ဖာရာရီ

June 21, 2018

ဒေါ်လာ ၄၅ သန်းကျော်အထိ ရနိုင်သည့် ပြိုင်ကား

၁၉၆၂ ခုနှစ်ထုတ် ဖာရာရီ 250 GTO ပြိုင်ကားဟာ သြဂုတ်လမှာလုပ်မယ့် လေလံပွဲတခုမှာ အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်အထိ ရနိုင်တာကြောင့် အဖိုးအတန်ဆုံး ကားတစီး ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လေလံတင်မယ့် ဒီကားဟာ ဖာရာရီက ထုတ်သမျှ 250 GTO ကားမော်ဒယ် ၃၆ မျိုးထဲက တမျိုးဖြစ်တယ်လို့ ဆောက်သဘီ လေလံကုမ္ပဏီက ပြောပါတယ်။ ဒီကားကို ကယ်လီဖိုးနီးယားပြည်နယ်၊ ပီဘယ်ဘိခ်ျမှာလုပ်မယ့် ကားပြပွဲမှာ လေလံတင်ရောင်းချမှာပါ။ ဒီကားကို အမေရိကန်ကားစုဆောင်းသူ ဒေါက်တာ ဂရက်ဝှိုက်တန်က ၂၀၀၀ ပြည့်နှစ်ကတည်းက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့်ပြန်ရောင်းတယ် ဆိုတာကိုတော့ သူက မပြောထားပါဘူး။ လက်ရှိမှာ အဖိုးအတန်ဆုံးကားအဖြစ် စံချိန်ချိုးတာကတော့ ဒေါ်လာ ၃၈ ဒသမ ၁ သန်းရထားတဲ့ ၁၉၆၂ ဖာရာရီ 250 GTO အမျိုးအစားပဲ ဖြစ်ပါတယ်။
3 years Ago
Up