ဖာမီနိုကို

April 30, 2018

တိုက်စစ်မှူး ဖာမီနိုကို လုပ်ခနှစ်ဆပေးပြီး လီဗာပူး စာချုပ်သစ်ချုပ်

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုကို လုပ်ခ ၂ ဆပေးပြီး ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဖာမီနိုဟာ တပတ်လုပ်ခ ပေါင် ၈ သောင်းဝန်းကျင် ရရှိနေသူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုပြီးတဲ့နောက်မှာ တပတ်လုပ်ခ ပေါင်တသိန်းခွဲအထိ ရရှိမယ်လို့ သိရပါတယ်။ အသင်းနည်းပြ ဂျာဂင်ကလော့ပ်ဟာ မိမိကို အကူအညီတွေ အများကြီး ပေးခဲ့သူဖြစ်ပြီး သူ အသင်းကို ရောက်ရှိလာတာဟာ မိမိအတွက်သာမက အသင်းအတွက်ပါ ကောင်းမွန်ခဲ့တယ်လို့ ဖာမီနိုက ပြောပါတယ်။ အသက် ၂၆ နှစ်ရှိ ဖာမီနိုဟာ အခုနှစ်ရာသီမှာ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေပြီး ၂၇ ဂိုး သွင်းယူထားပါတယ်။ ဖာမီနိုဟာ ၂၀၁၅ ခုနှစ်က ဂျာမနီကလပ် ဟော့ဖမ်ဟိမ်းအသင်းကနေ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။
3 years Ago
Up