မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းတွေ့တဲ့ပွဲမှာ လီဗာပူးအသင်းက အဝေးကွင်းမှာ ချဲလ်ဆီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲမှာ ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်ကစားခဲ့တဲ့ ဖာဘင်ဟိုကို အကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်နိုင်တယ်လို့ လီဗာပူးနည်းက ကလော့ပ်ကချီးကျူးပါတယ်။
ကွင်းလယ် ကစားသမားဖြစ်တဲ့ ဖာဘင်ဟိုဟာ မာတစ်နဲ့ ဂျိုးဂိုမက်ဇ်တို့ ဒဏ်ရာရနေတာကြောင့် ဗန်ဒိုက်နဲ့အတူ ဗဟိုခံစစ်မှာ ပြောင်းလဲကစားခဲ့ရတာပါ။
ဖာဘင်ဟိုဟာ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို ထိန်းချုပ်နိုင်ခဲ့ပြီး တဦးချင်းအနေအထားမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တယ်လို့ ကလော့ပ်က ချီးကျူးပါတယ်။
တိုက်စစ်မှူး မာနေးသာ သွင်းဂိုး ၂ ဂိုး မရခဲ့ဘူးဆိုရင် ဖာဘင်ဟိုကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်လိမ့်မယ်လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ ချဲလ်ဆီးကို မာနေးရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့ပါတယ်။
6 months Ago