ပရီးမီးယားလိဂ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သင်ယူနေရဆဲဖြစ်တယ်လို့ လီဗာပူး ကွင်းလယ်ကစားသမား ဖာဘင်ဟိုက ပြောကြားလိုက်ပါတယ်။
ဘရာဇီးကစားသမား ဖာဘင်ဟိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မိုနာကို အသင်းကနေ ပြောင်းရွှေ့လာတာပါ။
ဖာဘင်ဟိုဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်ကစားခွင့် မရခဲ့သလို ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်အသင်းတွေကို အနိုင်ရတဲ့ပွဲမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
ကစားသမားသစ်တဦး အနေနဲ့ လိဂ်အကြောင်းကို ပိုသိဖို့ သင်ယူနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ဟာ ရုပ်ပိုင်းဆိုင်ရာအားပြုတဲ့ ပြင်းထန်တဲ့ပြိုင်ပွဲ ဖြစ်တယ်လို့ ဖာဘင်ဟိုက ပြောပါတယ်။
ဒါပေမယ့် အသင်းနဲ့ အမြန်ဆုံးအံဝင်ဖို့ အသင်းဖော်တွေရဲ့ လမ်းညွှန်မှုအတိုင်း ကြိုးစားသွားမယ်လို့ ဖာဘင်ဟိုက ပြောကြားခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ ဖာဘင်ဟိုဟာ မိုနာကိုအသင်းမှာတုန်းက ၂၃၃ ပွဲအထိ ကစားပြီး ၃၁ ဂိုး သွင်းယူခဲ့ပါတယ်။
4 years Ago