ဖာဂူဆန်နှင့်ရွန်နီ

A d v e r t i s e m e n t With Us

January 15, 2021

ချို့တဲ့ကလေးငယ်များအတွက် ကူညီပေးခဲ့သူ ရက်ရှ်ဖို့ဒ်ကို ဖာဂူဆန်နှင့်ရွန်နီတို့ ချီးကျူး

ချို့တဲ့ ကလေးငယ်တွေအတွက် အစားအစာတွေ ထောက်ပံ့ဖို့ လုပ်ဆောင်ပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြဟောင်း ဆာအလက်စ်ဖာဂူဆန်နဲ့ ဝိန်းရွန်နီတို့က ချီးကျူးလိုက်ပါတယ်။  ယူနိုက်တက် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်အကျပ်အတည်းကာလအတွင်းမှာ ဆင်းရဲ ချို့တဲ့တဲ့ မိသားစုတွေက ကလေးငယ်တွေအတွက် စားစရာတွေ ပေးဝေနိုင်ဖို့အတွက် လုပ်ဆောင်ပေးခဲ့တာပါ။  ဒါ့အပြင် ဗြိတိန်အစိုးရပိုင်းကိုလည်း ကျောင်းတွေမှာ ကလေးငယ်တွေအတွက် အစားအသောက် အခမဲ့စီစဉ်ပေးဖို့ ရက်ရှ်ဖို့ဒ်က တောင်းဆိုခဲ့ပြီး အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်မှုတွေကြောင့် MBE ဘွဲ့လည်း ချီးမြှင့်ခံခဲ့ရပါတယ်။  ယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်ကတော့  အမှန် တကယ်လိုအပ်နေတဲ့နေရာတွေအတွက် ကူညီပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ဆောင်မှုဟာ အံ့အားသင့် စရာကောင်းပြီး သူ့အတွက် ဂုဏ်ယူမိတယ်လို့ ချီးကျူးပါတယ်။  ယူနိုက်တက်တိုက်စစ်မှူးဟောင်းလည်းဖြစ် လက်ရှိအချိန်မှာ ဒါဘီနည်းပြအဖြစ် တာ၀န်ယူနေတဲ့ ရွန်နီကတော့ ချို့တဲ့ ကလေးငယ်တွေအတွက် အစားအစာထောက်ပံ့နိုင်ရေးဟာ ကြီးမားတဲ့ ကိစ္စဖြစ်ပြီး အလွန်အကျိုးရှိစေတာကြောင့် ရက်ရှ်ဖို့အတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ 
2 months Ago
Up