ဖလားအောင်မြင်မှု

July 11, 2020

ဖလားအောင်မြင်မှုရယူရန် မော်ရင်ဟိုကို အချိန်ပေးရမည်ဟု နည်းပြအာတီတာ ပြော

နည်းပြ မော်ရင်ဟိုဟာ စပါးအသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်နိုင်မယ့် နည်းပြ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးလိုက်ပါတယ်။  စပါးနဲ့ အာဆင်နယ်တို့ဟာ တနင်္ဂနွေည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာက မော်ရင်ဟိုကို ချီးကျူးခဲ့တာပါ။  စပါးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ရလဒ်ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အာဆင်နယ်နည်းပြ အာတီတာကတော့ နည်းပြ မော်ရင်ဟိုကို အချိန်တစ်ခုပေးရမှာဖြစ်ပြီး ရောက်လေရာ အသင်းတိုင်းမှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် စပါးအသင်းကိုလည်း အောင်မြင်မှုတွေ ရယူပေးလိမ့်မယ်လို့ ပြောပါတယ်။ စပါးအသင်းဟာ ဆုဖလားမရရှိခဲ့တာ ၁၂ နှစ်ကျော်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး အဲဒီအခြေအနေကြောင့်လည်း ဖလားရယူနိုင်တဲ့ နည်းပြ မော်ရင်ဟိုကို ခေါ်ယူခန့်အပ်ထားတာလို့ အာတီတာက မှတ်ချက်ပေးခဲ့ပါတယ်။ 
10 months Ago
Up