ဖလားမရသည့် ဒေါသအပြင်

A d v e r t i s e m e n t With Us

December 23, 2019

ဖလားမရသည့် ဒေါသအပြင် စံချိန်ပျက်သွားသဖြင့် ကြိတ်နိုင်ခဲမရဖြစ်နေသည့် ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းဟာ အီတလီ စူပါဖလားဗိုလ်လုပွဲမှာ လာဇီယိုကို မထင်မှတ်ဘဲ ဂိုးပြတ် အရေးနိမ့်သွားခဲ့တာကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ မကျေမနပ် ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက် အကောင်းဆုံး ကြိုးစားကစားပေးသွားခဲ့ပေမယ့် သူတင်ထားခဲ့တဲ့ ၆ နှစ်အတွင်း ဗိုလ်လုပွဲ ၁၄ ပွဲဆက် အနိုင်ရထားတဲ့ စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ပါတယ်။  ဒါ့အပြင် အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးအတွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း သူ ပါဝင်ကစားတဲ့ ဖလားပွဲ ဗိုလ်လုပွဲစဉ်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်မှု ဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ အဲဒီဖလားပွဲစဉ်တွေကို ရီးရဲလ်မက်ဒရစ်၊ ပေါ်တူဂီ၊ ဂျူဗင်တပ်စ် စတဲ့ မတူညီတဲ့ အသင်းတွေနဲ့ ကစားပြီး အနိုင်ရခဲ့ဖူးတာ အပါအဝင် ဘယ်သူမှ မစွမ်းဆောင်ထားနိုင်သေးတဲ့ စံချိန်တွေ ရရှိထားပေမယ့် အခုဒုတိယဆုကတော့ သူ့အတွက် အတော်လေး အထိနာသွားစေခဲ့ပါတယ်။  စူပါဖလား ဒုတိယဆုလည်ပင်းကို ဆွဲပေးလိုက်ချိန်မှာတော့ ရော်နယ်ဒိုဟာ သိသိသာသာ မျက်နှာပျက်နေသလို ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်းမှာတင် ချွတ်ပစ်ခဲ့ပါတယ်။ ဗွီဒီယိုကိုတော့ BT အားကစားတွစ်တာစာမျက်နှာကနေ တင်လာခဲ့တာ ဖြစ်ပြီးတော့ ရော်နယ်ဒိုသည် ငွေတံဆိပ်ကြိုက်သူမဟုတ် ဆိုပြီးတော့လည်း ရေးသားထားပါတယ်။  ဗိုလ်လုပွဲမှာ ရှုံးနိမ့်ရခြင်းနဲ့ ပတ်သက်လို့ ရော်နယ်ဒို၊ ဟီဂွါအင်၊ ဒီဘာလာတို့ သုံးဦးကတော့ နည်းပြဆာရီကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
1 year Ago
Up