ဖလမ်းမြို့

A d v e r t i s e m e n t With Us

January 12, 2021

ဖလမ်းမြို့တွင် လူနေအိမ် ၆ လုံး မီးလောင်၊ အမျိုးသမီး ၂ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက် ၄ နာရီကျော်လောက်က  လူနေအိမ် ၆ လုံး မီးလောင်ပြီး အမျိုးသမီး၂ ဦးသေဆုံးသွားပါတယ်။ လျှပ်စစ်နဲ့ အပူပေးစက်အသုံးပြုရာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းရတာဖြစ်တယ်လို့ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက ပြောပါတယ်။ "လျှပ်စစ်နဲ့ အပူပေးစက်ကိုအသုံးပြုရာမှာ အပူလွန်ကဲပြီး မီးစတင်လောင်တာပါ။ အိမ်ကိုပါ ကူးစက်လောင်တော့ အဲ့ဒီနေအိမ်က အမျိုးသမီး နှစ်ယောက်လုံး ထွက်စရာမရှိဖြစ်ပြီး သေဆုံးသွားတယ်”။ မီးလောင်ရာနေရာကို မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် ၆၀ လောက်နဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၆ လုံး နဲ့ အိမ်တွင်းရှိပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ စုစုပေါင်း ကျပ်  ၈၅၀၀၀၀၀  ဖိုးလောက်  ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ လူသေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ရှင် ဒေါ်မန်းလှယ်ဇိန်းအသက် ၆၇ နှစ်ကို ဖလမ်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့မှာ လူနေအိမ် ၃ လုံးမီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - ဖလမ်းမြို့နယ်မီးသတ်၊ဖလမ်းပြန်ဆက်
2 weeks Ago

October 24, 2020

ဖလမ်းမြို့တွင် ကမ်းပါးယံပြိုကျ (ဓာတ်ပုံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြေထိန်းနံရံအပေါ်ရှိ ကမ်းပါးယံပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကမ်းပါးပြိုကျရာနေရာကို ဖလမ်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Photo : Myanmar Fire Services Department
3 months Ago
More News
Up