ဖလမ်းတိုက်ပွဲ

July 7, 2021

ဖလမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သူများအတွက် လေးစားဂါရဝပြုကြောင်း CNDF ထုတ်ပြန်

ဖလမ်းမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့သူတွေအတွက် လေးစားဂါရဝပြုကြောင်း ဒေသခံ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) က ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇွန်လ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က စတင်ကာ CNDF နဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တို့ကြား အချိန်နှစ်နာရီခန့်အကြာ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဘက်က အနည်းဆုံး ၂၀ လောက် သေဆုံးခဲ့ပြီး ဒေသခံ CNDF ဘက်ကတော့ ၅ ဦးကျဆုံးခဲ့တာပါ။ 

ကျဆုံးသူတွေက ဆလိုင်းနိုင်အောင် (၂၂ နှစ်)၊ ဆလိုင်းကျော်ဆန်းဝင်း (၂၃ နှစ်)၊ ဆလိုင်းတီလ်ဟုပ် (၄၁ နှစ်)၊ ဆလိုင်းဗန်ဘွဲ့ (၂၂ နှစ်) နဲ့ ဆလိုင်းထောင်းဇဲလ် (၂၂ နှစ်) တို့ဖြစ်ပါတယ်။ 

မိမိလူမျိုးနဲ့ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ CNDF တပ်ဖွဲ့ဝင်တွေကို လေးစားဂါရဝပြုကြောင်းနှင့် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်း ဒီကနေ့ ရက်စွဲနဲ့ CNO လူမှုကွန်ရက်စာမျက်နှာက ကြေညာထုတ်ပြန်လိုက်ပါတယ်။ 

ချင်းပြည်နယ်အတွင်း Chin National Army, Chinland Defense Force-CDF, Chin National Defence Force-CNDF နဲ့ Zomi Federal Union-ZFU တို့က စစ်အာဏာရှင်ကို အတူတကွ လက်တွဲကာ တိုက်ထုတ်နေကြတာဖြစ်ပါတယ်။

5 months Ago

May 21, 2021

ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နားမှာ ဒီမနက်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်တစ်ယောက်အပါအဝင် ၆ ယောက်သေသွားတယ်လို့ ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CNDF)က ပြောပါတယ်။

CNDF(CDF-Falam) နဲ့ အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင်  အင်အား ၈ ယောက်ဟာ ဒီမနက် ၈ နာရီ၀န်းကျင်က ဖလမ်း-ကလေးလမ်း တစ်နေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့၀င် ၆ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ CNDF (CDF-Falam) တပ်ဖွဲ့ဘက်က လည်း တစ်ယောက် ကျဆုံးခဲ့ပါတယ်။

7 months Ago
Up