ဖလမ်း

A d v e r t i s e m e n t With Us

July 25, 2020

ကလေးဝ၊ မိုးကောင်းနှင့် ဖလမ်းမြို့တို့တွင် မြေငလျင်လှုပ်

ကလေးဝမြို့၊ မိုးကောင်းမြို့နဲ့ ဖလမ်းမြို့တို့ အနီးမှာ မြေငလျင်အသီးသီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၆ နာရီ၊ ၅၂ မိနစ်၊ ၂၁ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၆ ဒီဂရီ၊ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ ဇူလိုင် ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၀၇ မိနစ်၊ ၃၇ စက္ကန့် အချိန်ကလည်း မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၀၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ ဇူလိုင် ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၁၆ မိနစ်၊ ၀၁ စက္ကန့် အချိန်ကလည်း ‌ဖလမ်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၅၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
7 months Ago

July 19, 2020

မိုင်းကိုင်၊ ဖလမ်းနှင့် ပလက်ဝမြို့တို့တွင် မြေငလျင်လှုပ်

ရှမ်းပြည်နယ် မိုင်းကိုင်မြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၀၈ မိနစ်၊ ၂၂ စက္ကန့်အချိန်က မိုင်းကိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၂၇ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၂၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ဖလမ်းမြို့တို့မှာလည်း မနေ့ညက ငလျင်အသီးသီး လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၂၉ မိနစ်၊ ၃၈ စက္ကန့်အချိန်က ပလက်ဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၀၂ ဒီဂရီ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။ အလားတူ ဇူလိုင် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၃၁ မိနစ်၊ ၃၅ စက္ကန့် အချိန်က ဖလမ်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၄ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
7 months Ago
More News
Up