ဖရီးကစ်ဘုရင်သစ် မွေးဖွားပြီ

A d v e r t i s e m e n t With Us

March 30, 2016

ဖရီးကစ်ဘုရင်သစ် မွေးဖွားပြီ (ရုပ်သံဟိုက်လိုက်)

နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ရုရှားတို့ မတ်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ရာ ပြင်သစ်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရဲ့ နှစ်သင်းပေါင်း သွင်းဂိုး ၆ ဂိုးထဲမှာ ဖရီးကစ်မှတဆင့် သွင်းတဲ့ဂိုး ၃ ဂိုး ပါဝင်ခဲ့ပါတယ်။ အဲဒီဂိုးတွေထဲက ပြင်သစ်ကွင်းလယ်ကစားသမား ပါယက်ရဲ့ ကိုက် ၃၀ အကွာက သွင်းသွားတဲ့ ဖရီးကစ်ဂိုးဟာ လှပပြီး အဆင့်အတန်းမြင့်တဲ့ ဂိုးတဂိုး ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီပွဲစဉ် ၆၂ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာပြီး မကြာခင် ဖရီးကစ်မှ လှလှပပ ဂိုးသွင်းယူပေးခဲ့တာပါ။ ပါယက်ဟာ အင်္ဂလန် ပရီးမီယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေနိုင်တာဟာ သူ့ရဲ့ ခြေစွမ်းပြမှုတွေက အဓိကနေရာက ပါဝင်ပါတယ်။ ပြင်သစ်နဲ့ ရုရှားပွဲစဉ်မှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပေမယ့် ဂိုးကန်သွင်းခွင့်မှာ ပြင်သစ်အသင်းက ပိုရခဲ့ပါတယ်။ ပြင်သစ်အတွက် အနိုင်ဂိုးတွေကို ၉ မိနစ်မှာ ကန်တေး (Kante)၊ ၃၈ မိနစ်မှာ ဂျီနက် (Andre-Pierre Gignac)၊ ၆၄ မိနစ်မှာ ပါယက် (Dimitri Payet) နဲ့ ၇၆ မိနစ်မှာ ကိုမန် (Kingsley Coman) တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ရုရှားအတွက် ချေပဂိုး ၂ ဂိုးကိုတော့ ၅၆ မိနစ်မှ အလက်ဇန္ဒား ကိုကိုရင် (Alexander Kokorin)၊ ၆၈ မိနစ်မှာ ယူရီ ဇာကော့ဗ် (Yuri Zhirkov) တို့က သွင်းယူပေးခဲ့ပါတယ်။
5 years Ago
Up