ဖရန့်ဖတ်မြို့

September 13, 2021

ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲပြုလုပ်

ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့က ကမ္ဘာလည့်ခရီးသွားတွေ အလာများတဲ့ Römerberg ​နေရာမှာ   စက်တင်ဘာ ၁၂ ရက်​ ကျင်းပပါတယ်။

သံအမတ်ကြီးဦး​ကျော်မိုးထွန်း​ထောက်ခံပွဲနဲ့ အတူ နွေဦးတော်လှန်ရေး ရန်ပုံငွေ Raffel Ticket ဝယ်ယူထားတဲ့ ဂျာမနီရောက် ပြည်သူတွေအတွက် လက်ဆောင်ပစ္စည်းပေးပွဲပါ ပြုလုပ်ရာမှာ  လူဦးရေ ၁၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

တော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင် ကျဆုံးသွားတဲ့  တိုင်းရင်းသား ညီအစ်ကို မောင်နှမ တော်လှန်ရေးရဲဘော်တွေကို  ငြိမ်သက်အလေးပြု ဂုဏ်ပြုခဲ့သလို တိုင်းရင်းသားရိုးရာ သီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG အစိုးရကသာ မြန်မာပြည်ကို ကိုယ်စားပြုကြောင်းနဲ့ သူတို့ကိုသာ လက်ခံပေးဖို့ လက်မှတ်တွေရေးထိုးခဲ့ကြပြီး  ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ဂျာမနီနိုင်ငံ ဘွန်းမြို့ရှိ  ကုလသမဂ္ဂရုံသို့ ပေးပို့သွားမယ်ဖို့ အစီအစဉ် ရှိနေပါတယ်။

1 month Ago

February 20, 2020

ဂျာမနီနိုင်ငံတွင် ပစ်ခတ်မှုကြောင့် ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့အနီး  ဖေဖော်ဝါရီလ ၁၉ ရက်က ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှု နှစ်ခုမှာ  လူ ၈ ဦးသေဆုံးတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ သေနတ်ပစ်ပြီး ကားနဲ့ထွက်ပြေးသွားတဲ့ သေနတ်သမားတွေနောက်ကို အထူးတပ်ဖွဲ့က လိုက်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။  သေနတ်သမားတွေက ဟာနာအိုမြို့က ရှီရှာဘားနှစ်ခုမှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။  ပစ်ခတ်မှုကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့လည်း ဘီဘီစီသတင်းမှာ ‌ဖော်ပြပါတယ်။  ပထမပစ်ခတ်မှုဟာ ဟာနာအိုမြို့လယ်ကောင်မှာ ဖြစ်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယတခုကတော့ ကတ်ဆယ်စတက် အနီးဝန်းကျင်မှာ ဖြစ်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။  ဟာနာအိုမြို့ဟာ ဖရန့်ဖတ်မြို့အရှေ့ဘက် ၁၅ မိုင်အကွာမှာရှိပါတယ်။   ဒီတိုက်ခိုက်မှုဟာ ဘာလင်မြို့ ပစ်ခတ်မှုအပြီး ၄ ရက်အကြာမှာ ဖြစ်ခဲ့တာပါ။ ဘာလင်မြို့ တမ်ပိုဒမ်ကဇာတ်ရုံ ပစ်ခတ်မှုမှာ လူတဦးသေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။   
2 years Ago
Up