ဖရက်ဒ် ဒဏ်ရာရ

June 10, 2018

မန်ယူက ခေါ်ယူရန် သဘောတူထားသည့် ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ် ဒဏ်ရာရ

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူထားတဲ့ ဘရာဇီးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ လေ့ကျင့်ရေးကွင်းမှာ ညာခြေချင်း ဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာနဲ့ ပတ်သတ်တဲ့ အခြေအနေကို သေချာမသိရှိရသေးဘဲ လာမယ့် ၂၄ နာရီအတွင်း တိုးတက်မှု ရှိမရှိ စောင့်ကြည့်ရမယ်လို့ ကြံ့ခိုင်ရေးနည်းပြ လက်စ်မာက ပြောပါတယ်။ ဖရက်ဒ်ဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားဝင်ရောက်ကစားဖို့ ရွေးချယ်ခံထားရပြီးတော့ တော့တင်ဟမ်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေစဉ် အသင်းဖော် ကတ်စီမီရိုရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တာပါ။ ဘရာဇီးလ်အသင်းဟာ နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးရင် ရုရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။ ဖရက်ဒ်အနေနဲ့ကတော့ နောက်ထပ် ၁၀ ရက်အကြာမှာ ဆွစ်ဇာလန်အသင်းနဲ့ကစားမယ့် ပွဲစဉ်ကိုတော့ လွဲချော်ဖို့ ရှိနေပါတယ်။ ဘရာဇီးလ်အသင်းဟာ အုပ်စု (င) မှာ ဆွစ်ဇာလန်၊  ဆားဘီးယား ၊ ကော်စတာရီကာအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
3 years Ago
Up