ဖယ်ပေ

September 24, 2020

ဌာနေတိုင်းရင်သားများ၏ အူလူရူတောင်ပုံများ ဖယ်ပေးရန် ဂူဂယ်ကို သြစတြေးလျတောင်းဆို

သြစတြေးလျတိုက်က ဌာနေတိုင်းရင်းသားတို့ အလေးအမြတ်ထားရာ အူလူရူတောင်ထိပ် ဓာတ်ပုံတွေကို ဖယ်ရှားဖို့  သြစတြေးလျအစိုးရက ဂူဂယ်ကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။  အဲဒီဓာတ်ပုံတွေဟာ ဂူဂယ်အသုံးပြုသူတွေကို တောင်ထိပ်ပေါ် လမ်းလျှောက်ခွင့်ပေးထား ပုံရပါတယ်။  ဌာနတိုင်းရင်းသားတွေက အူလူရူတောင်ကို စောင့်ရှောက်ဖို့ ဆယ်စုနှစ်ချီ လှုပ်ရှားခဲ့ပြီး နောက်မှာ ၂၀၁၉ ခုနှစ်က သြစတြေးလျအစိုးရဟာ အိုင်ယာရော့ခ်လို့ခေါ်တဲ့  အူလူရူတောင်ပေါ် တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။   ဒါပေမဲ့ ဂူဂယ် ဓာတ်ပုံတွေမှာ ဌာနေတိုင်းရင်းသားတွေ အလေးမြတ်ထားတဲ့  နေရာက ဓာတ်ပုံတွေ ပါဝင်နေပြီး အဲဒါက အစိုးရ တားမြစ်ချက်ကို ဖီဆန်နေတယ်လို့ အမျိုးသားဥယျာဉ် စောင့်ရှောက်ရေးဌာန Parks Australia က ပြောဆိုခဲ့ပါတယ်။  အဲဒါနဲ့ပတ်သက်လို့ ဂူဂယ်ကုမ္ပဏီကို ရိုက်တာက မေးမြန်းရာမှာတော့  ကုမ္ပဏီက ချက်ချင်း မဖြေကြားခဲ့ပါဘူး။  ဒါပေမဲ့ ဂူဂယ်ဟာ အူလူရူတောင်ထိပ် ဓာတ်ပုံတွေကို ဖယ်ရှားပစ်ခဲ့တယ်လို့ ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က  ဒေသခံမီဒီယာကို ပြောဆိုခဲ့ပါတယ်။ 
12 months Ago
Up