ဖယ်ခုံ

A d v e r t i s e m e n t With Us

January 24, 2019

ဖယ်ခုံမြို့နယ်ရှိ ကယန်းကျောင်းသူ၊ ကျောင်းသားများကို နေ့စဉ် အဟာရတိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ အလယ်ကယန်းကျေးရွာအုပ်စုက ဆီးဘူးအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသား ၅၃၈ ဦးကို အလှူရှင်တွေရဲ့ အကူအညီနဲ့ နေ့စဉ် အာဟာရတိုက်ကျွေးနေပါတယ်။ တရက်ကို ကျပ် ၅၀၀၀၀ နှုန်းနဲ့ ကျောင်းဖွင့်တဲ့နေ့တိုင်း ကြက်၊ ဝက်၊ အမဲပါဝင်တဲ့ ဆန်ပြုတ်၊ မာမီးခေါက်ဆွဲနဲ့ သာကူ စတာတွေကို တလှည့်စီ တိုက်ကျွေးနေတာပါ။ အခုလို နေ့စဉ်အာဟာရတိုက်ကျွေးဖို့အတွက် မန္တလေးသွားဖက်ဆိုင်ရာတက္ကသိုလ်က ဒေါက်တာမြတ်ဥာဏ်၊ ဒေါ်ဝါဝါခိုင်မင်းနဲ့ ဆီးဘူးတိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသက်ဇော်တို့ ဦးဆောင်တဲ့ အလှူရှင်အဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။ လွန်ခဲ့တဲ့ ပညာသင်နှစ် ၂၀၁၈ ဇန်နဝါရီလ ၁၅ ရက်ကစလို့ လက်ရှိ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ ကျောင်းသား၊သူ​တွေကို နေ့စဉ် အာဟာရ တိုက်ကျွေးနေပါတယ်။ ဆီးဘူးအထက်တန်းကျောင်းဟာ ဖယ်ခုံမြို့နယ်အတွင်းရှိ အလယ်ကယန်းကျေးရွာအုပ်စု၊ ကယောကျေးရွာအုပ်စုနဲ့ သိကျိတ်ကျေးရွာအုပ်စုတွေက မှီခိုအားထားနေရတဲ့ အဓိက တခုတည်း ရှိတဲ့ ဒေသတွင်း အထက်တန်းကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။ ဆီးဘူးအထက်တန်းကျောင်းကို ၂၀၁၇ ခုနှစ် ဇွန်လမှာ အ.ထ.က(ခွဲ)အဆင့်ကနေ အ.ထ.ကအဆင့်တိုးမြှင့်ရရှိခဲ့ပြီး လက်ရှိပညာသင်နှစ်မှာ ဆရာ၊ဆရာမတွေ အပါအဝင် ဝန်ထမ်း ၃၃ ဦး တာဝန်ထမ်းဆောင်နေပါတယ်။ သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး
2 years Ago

June 5, 2018

ဖယ်​ခုံတောင်​သူ​ ၄ ဦး ယာ​မြေကို ဆက်မလုပ်​ရန် တပ်​မ​တော်​ တားမြစ်

ရှမ်းပြည်​​နယ်​​တောင်​ပိုင်း၊ ဖယ်​ခုံမြို့က ​​တောင်​သူ ၄ ဦး ထွန်​ယက်​စိုက်​ပျိုး​နေတဲ့ ​ယာ​မြေကို ဆက်​ပြီးမလုပ်​ဖို့ တပ်​မ​တော်​ ခမရ (၄၂၁)က မေလ ၃၀ ရက်မှာ မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးကတဆင့် တားမြစ်​စာ​ပေးပို့တဲ့အတွက်​ ​တောင်​​သူ​တွေ အခက်​အခဲဖြစ်​​နေကြ ပါတယ်​။ ​တောင်​ယာလုပ်​ကိုင်​ဖို့ တားမြစ်​ခံရတဲ့ ​ဒေသခံ​တောင်​သူ ဦး​မောင်​အိုက်​က "ကျ​နော်​တို့ လုပ်​စားစရာဒါပဲရှိတယ်။ သားသမီးပညာ​ရေးအတွက်​လည်း ဒါပဲရှိတယ်​။ ဒါပဲအားကိုးရတယ်​၊ သူတို့ မလုပ်ခိုင်းဘူး​ဆို​တော့ ကျ​နော်​တို့ စိတ်​မချမ်းသာဘူး"လို့ ဆိုပါတယ်​။ စိုက်​ပျိုးရာသီဖြစ်​​တာ​ကြောင့် ​တောင်​သူ​ ၄ ဦး လုပ်​ကိုင်​​နေတဲ့ ၁၀ ဧကလောက်ရှိတဲ့ ​ယာ​မြေ​ပေါ်မှာ စပါးနဲ့ ​ပြောင်းကို စိုက်​ပျိုးလုပ်​ကိုင်​​နေကြတာပါ။ အဆိုပါမြေနေရာမှာ တပ်မတော်က ​မြောင်းတူး ခြံစည်းရိုးကာရံနေပြီး ​တောင်​သူ​ တွေ ဆက်​လက်​ စိုက်​ပျိုးလုပ်​ကိုင်​ပါက အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​လို့ ဆိုပါတယ်​။ ဖယ်​​ခုံ​တောင်​သူ​လယ်​သမားကွန်​ရက်​ကတော့ စည်းရိုးကာရံ​နေတာ ရပ်​တန့်​​ပေးဖို့နဲ့ ​တောင်​သူ​တွေ ဆက်​ပြီးလုပ်​ကိုင်​ခွင့်​ရဖို့ သက်​ဆိုင်​ရာဌာန​တွေကို စာ​ပေးပို့သွားမှာဖြစ်​ပြီး ​ကြေညာချက်​ထုတ်​ပြန်​တာ​တွေလည်း လုပ်​သွားမယ်​လို့ ဆိုပါတယ်​။ ဖယ်​ခုံ​တောင်​သူလယ်​သမားကွန်​ရက်​ဥက္ကဋ္ဌ ခွန်းအန်း​ဂျေလိုက "ရှင်းရှင်း​ပြောရမယ်​ဆို​ရင်​ မတရားဘူး​ပေါ့။ ဌာ​နေတိုင်းရင်းသားလည်းဖြစ်​​သေးတယ်​။ ​နောက်​ပြီး ဒီ​ဒေသရဲ့ အရင်းခံ လူလည်းဖြစ်​​သေးတယ်​။ အဲဒါကို သူတို့က အဲ့လိုမျိုးလုပ်​​တော့ ကျ​နော်​တို့ ​တောင်​သူ​တွေက နည်းနည်းခံပြင်းတယ်​​ပေါ့​နော်​။"လို့ပြောပါတယ်​။ ​ ​​တောင်​သူ​တွေဟာ အခုယာ​မြေ​တွေ​ပေါ်မှာ ၁၉၈၀ ပြည့်နှစ်​မှာ စပြီးလုပ်​ကိုင်​ခဲ့တာ ဖြစ်​ပြီး​တော့ တပ်​မ​တော်​က ၁၉၉၁- ၉၂ ဝန်းကျင်​မှာ လာ​ရောက်​အ​ခြေစိုက်​ပြီး သိမ်းယူခဲ့တာလို့ ​တောင်​သူ​တွေက ​ပြောပါတယ်​။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ်​မှာ ဖယ်​ခုံ​တောင်​သူ​တွေက လယ်​ယာ​မြေနှင့် အခြား​မြေများ သိမ်းဆည်းခံရမှုများပြန်​လည်​စိစစ်​​ရေးဗဟို​ကော်​မတီကို သိမ်းဆည်း​ထားတဲ့ ​မြေ​ဧရိယာကို ပြန်​လည်​စိစစ်​ဖို့နဲ့ အိမ်​ခြံ​မြေနဲ့ ​ယာ​မြေ​တွေကို ခြံစည်းရိုးကာရံခြင်းမှ ရပ်​ဆိုင်း​ပေးဖို့ စာတင်​ခဲ့​ ပေမယ့် ​ဖြေရှင်း​ပေးခဲ့တာ​တွေ မရှိပါဘူး။ ဖယ်​ခုံမြို့ဝန်းကျင်​မှာ တပ်​​မ​တော်​ ခမရ (၄၂၁)၊ ခမရ (၃၃၆)၊ စကက (၇) က ​မြေဧက ၄၀၀၀ ​​လောက်​ သိမ်းဆည်းပြီး ​ဒေသခံ​တွေရဲ့ ယာ​မြေ၊ သင်္ချိုင်း​မြေ​တွေနဲ့ ​ဒေသခံ​တွေ အသုံးပြု​နေတဲ့ သဲ​သောင်​တွေလည်း ပါဝင်​ပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
3 years Ago
Up