ဖမ်းဝရမ်း

A d v e r t i s e m e n t With Us

December 15, 2019

သမ္မတဟောင်း ပြန်လာပါက ဖမ်းမည်ဟု ဘိုလီးဗီးယားကြားဖြတ်သမ္မတ အသိပေး

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်အနေနဲ့ နိုင်ငံကို ပြန်လာပါက အဖမ်းခံ ရနိုင်ဖွယ်ရှိတယ်လို့ ကြားဖြတ်သမ္မတ ဂျန်နင်းအန်းနက်ဇ်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။ ဘိုလီးဗီးယား-အာဂျင်တီးနား နယ်စပ်နားမှာ လုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတခုမှာ သမ္မတ အန်းနက်ဇ်က လာမယ့်ရက်တွေအတွင်း သမ္မတဟောင်း မိုရာလက်စ်ကို ဖမ်းဝရမ်း ထုတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဘိုလီးဗီးယားကို ၁၄ နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ်ခေါင်းဆောင် မိုရာလက်စ်ဟာ ဒီဇင်ဘာ ၁၂ ရက်က အာဂျင်တီးနားကို ရောက်ရှိပြီး ဒုက္ခသည်အဖြစ်  ခိုလှုံခွင့်ရထားပါတယ်။ အဲဒီမတိုင်ခင်က မိုရာလက်စ်ဟာ မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခဲ့ပါတယ်။    ပြီးခဲ့တဲ့ ဘိုလီးဗီးယားသမ္မတရွေးကောက်ပွဲအတွင်း မဲလိမ်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ပြီးနောက်  မိုရာလက်စ်ဟာ သမ္မတရာထူးကနေ နုတ်ထွက်ပြီး မက္ကဆီကိုနိုင်ငံကို ထွက်ပြေးခဲ့ပါတယ်။ 
1 year Ago
Up