ဖမ်းမိ

September 25, 2021

ပုသိမ်ကြီးမြို့နယ်တွင် ကျပ်ငွေ ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ုးဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ကျပ်ငွေ ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ုးဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီလောက်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ပြင်ဦးလွင်မှ မန္တလေးသို့ နိုင်ဇော်ထွန်း(၂၆)နှစ် မောင်းနှင်လာတဲ့ HINO TRUCK ၁၂ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ဆေးတိုက်ဖွဲ့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယာဉ်ပေါ်ရှိ ဆာလာအိတ် ၁၀ အိတ်အတွင်း ဆပ်ပြာခွက် ၂,၃၁၀ ခွက်နဲ့ ထည့်ထားတဲ့ ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၃ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ကနေ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ကို သယ်ဆောင်လာတာဖြစ်ကြောင်း၊ နိုင်ဇော်ထွန်းကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2 months Ago

July 15, 2021

ကိုဗစ်စစ်ဆေးချက်ရလဒ် အတုပြုလုပ်သူ ၆၀ ကျော်ကို တရုတ် - မြန်မာနယ်စပ် ရွှေလီတွင် ဖမ်းမိ

ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးတဲ့ နျူကလစ်အက်စစ် (nucleic acid) စစ်ဆေးချက်ရလဒ်တွေ အတုပြုလုပ်သူ  ၆၁ ဦးကို  တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တရုတ် - မြန်မာနယ်စပ် ရွှေလီမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

ဇွန် ၈ ရက်မှ ဇူလိုင် ၁၃ ရက်အထိ  နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ အဲ့ဒီဆေးစစ်ချက်တွေကို အတုပြုလုပ်ပြီး သုံးစွဲတဲ့အတွက် အမှုပေါင်း ၄၃ မှုက လူပေါင်း ၆၁ ယောက်ကို လီရန်းဟီခရိုင်ရှိ ပြည်သူ့လုံခြုံရေးဗျူရိုက ဖမ်းဆီးထိန်းသိမ်းထားတာလို့ ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရပါတယ်။

လီရန်းဟီခရိုင်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ကူးစက်ရောဂါ စတုတ္ထလှိုင်းဖြစ်ပွားနေတဲ့ ရွှေလီနဲ့လည်း  နီးကပ်နေတာပါ။ 

အင်္ဂါနေ့အထိ ယူနန်ပြည်နယ်မှာ အတည်ပြုထားတဲ့ ဖမ်းဆီးထားသူပေါင်း ၆၁ ယောက် ရှိကြောင်း  ထုတ်ပြန်ထားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့အဆိုအရ တချို့က ဆေးစစ်ချက် အတု ပြုလုပ်တာရှိသလို တချို့က ဆေးစစ်ချက်စာရွက်အဟောင်းက စစ်ဆေးတဲ့ရက်စွဲကို ပြောင်းလဲ သုံးစွဲရတာကို တွေ့ရှိရတာဖြစ်ပြီး သူတို့တွေကို ဥပဒေအရ တပတ် ၂ ပတ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေသမျှ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေတာတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမှာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြည်သူတွေကို သတိပေးထားပါတယ်။

5 months Ago
More News
Up