ဖမ်းဆီးထိန်းသိမ်း

October 27, 2020

ဘယ်လာရုစ်နိုင်ငံတွင် ဆန္ဒပြသူ ဒါဇင်ချီ ဖမ်းဆီးထိန်းသိမ်းခံရ 

ဘယ်လာရုစ်နိုင်ငံမှာ အောက်တိုဘာ ၂၆ ရက်က စက်ရုံလုပ်သားတွေ၊ ကျောင်းသားတွေနဲ့ ပင်စင်စားတွေ စုဝေးပြီး သမ္မတလူကာရှန်ကို ဆန့်ကျင် ဆန္ဒပြခဲ့ပြီး ရဲတွေက ဆန္ဒပြသူ ဒါဇင်ချီပြီး ထိန်းသိမ်းလိုက်ပါတယ်။ နိုင်ငံတဝန်း သပိတ်မှောက်ပွဲနဲ့အတူ အတိုက်အခံတွေက သမ္မတ လူကာရှန်ကို ရာထူးက နုတ်ထွက်ပေးဖို့ ကြိုးပမ်း ဖိအားပေးနေပါတယ်။  သမ္မတလူကာရှန်ကိုက ရာထူးကနုတ်ထွက်ပေးဖို့ လက်မခံတာကြောင့် အတိုက်အခံတွေက နိုင်ငံအနှံ့ သပိတ်မှောက်ပွဲတွေ ဆင်နွှဲပြီး အစိုးရယန္တရားတွေ ရပ်တန့်အောင် ကြိုးပမ်းနေတာပါ။  အတိုက်အခံဟာ အရင်ကလည်း နိုင်ငံပိုင်စက်ရုံတွေမှာ သပိတ်မှောက်ပွဲတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ရေရှည် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။  နိုင်ငံပိုင်လုပ်ငန်း အတော်များများမှာ သပိတ်မှောက်ခဲ့ကြတယ်လို့ ဘယ်လာရုစ်မီဒီယာက ဖော်ပြနေပေမဲ့ ဘယ်လာရုစ်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးကတော့ နိုင်ငံပိုင်လုပ်ငန်းတွေ အတော်များများ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့  တုံ့ပြန်ခဲ့ပါတယ်။  သပိတ်မှောက်ပွဲတွေကြောင့် အုပ်ချုပ်ရေးယန္တရား ရပ်လုနီးပါး ဖြစ်လာမယ်ဆိုရင် ရုရှားအနေနဲ့ မဟာမိတ် လူကာရှန်ကိုကို  နောက်ထပ်ကူညီမလားဆိုတာ စမ်းသပ်မှု တစ်ခုလည်း ဖြစ်တယ်လို့ ရိုက်တာက ရေးသားပါတယ်။  
6 months Ago

March 5, 2020

သတင်းထောက် ၂ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်း

ရန်ကုန်အခြေစိုက် Frontier Myanmar  သတင်းဌာနရဲ့ သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ် ဓါတ်ပုံသတင်းထောက်မားနော်တို့ကို  မတ်လ ၄ ရက် ညနေ ၄နာရီလောက်က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Myanmar Free Press အဖွဲ့က ထုတ်ပြန်ပါတယ်။  သတင်းထောက် မနော်ဘတ်တီဟန်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတင်းရယူဖို့ ရောက်ရှိနေစဉ် မနေ့မွန်းလွဲပိုင်းက စတင်ပြီး သတင်းဌာနနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဖုန်းမက်ဆေ့ချ်ပေးပို့ချက်အရ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က သူ့ကို မြဝတီမြို့၊ အမှတ်(၁) နယ်စပ်ဂိတ်အနီးမှာ ထိန်းသိမ်းခဲ့တာလို့ Frontier Myanmar သတင်းဌာနက လည်း အတည်ပြုထုတ်ပြန်ထားပါတယ်။ သတင်းသမားနှစ်ဦး လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်နေပြီး လက်ရှိအချိန် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို သိရှိရဖို့ ကြိုးပမ်းနေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းမီဒီယာကောင်စီနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတို့ကူညီပေးဖို့လည်း Myanmar Free Press အဖွဲ့က တိုက်တွန်းထားပါတယ်။
1 year Ago
Up