ဖမ်းဆီးခံ အန်အယ်လ်ဒီပါတီဝင်

August 27, 2021

ဆီဆိုင်မြို့နယ်က ဖမ်းဆီးခံ အန်အယ်လ်ဒီပါတီဝင် ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်

စစ်ကောင်စီရဲ့အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့  ဆီဆိုင်မြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ခွန်ဗွာထိုသွေးဟာ ကိုဗစ်-၁၉ ရောဂါနဲ့  သြဂုတ် ၂၇ ရက်က  တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

"ဆေးရုံတက်တာ သုံးရက်လောက်ရှိပြီလို့ကြားတယ်၊ ဒီနေ့ ၃ နာရီ မိနစ် ၄ဝ အချိန်မှာ ဆုံးသွားတယ်လို့ကြားတယ်" လို့ ခွန်ဗွာထိုသွေးနဲ့ ရင်းနှီးတဲ့သူက ပြောပါတယ်။

ခွန်ဗွာထိုသွေးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး တောင်လေးလုံးထောင်မှာ ချုပ်နှောင်ခံထားရတာပါ။

ခွန်ဗွာထိုသွေးဟာ တပ်မတော် အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေရာမှ PNA ပြည်သူ့စစ်က ဖမ်းဆီးပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနကို သွားအပ်ခဲ့တာဖြစ်ပါတယ်။

3 months Ago
Up