ဖမ်းဆီးခံ ပြည်သူ

May 13, 2021

မိုးကုတ်မြို့နယ်၊ ကင်းရွာမှ ဖမ်းဆီးခံ ပြည်သူ ၂၀ ပြန်လွတ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ကင်းရွာကနေ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တဲ့ ပြည်သူ အယောက် ၂၀   မေလ ၁၃ ရက် ဒီကနေ့မနက်မှာ  ပြန်လွတ်လာတယ်လို့   ဒေသခံ တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က  မိုးကုတ်မြို့နယ် ကင်းရွာကို အကြမ်းဖက်စစ်အုပ်စုက တအိမ်ဝင်တအိမ်ထွက် လိုက်လံစစ်ဆေးပြီ ပြည်သူ အယောက်  ၂၀ ကျော်ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ 

ပြည်သူတွေရဲ့နေအိမ်ထဲကို တံခါးဖျက်ဝင်ပြီး ဖမ်းဆီးသွားတာဖြစ်ပြီး ရွာလူကြီး ၂ ဦး ကိုတော့ မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

7 months Ago
Up