ဖမ်းဆီးခံ ကျောင်းသား ၄ ဦး ပြန်လွတ်

March 6, 2021

မြန်အောင်ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသည့် ကျောင်းသား ၄ ဦး ပြန်လွတ်

မြန်အောင်မြို့မှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကျောင်းသား ၄ ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဆိုင်ကယ်တွေကိုတော့ ရဲစခန်းမှာ ပြန်ရွေးရမယ်လို့ သိရပါတယ်။

မြန်အောင်မြို့မှာ မတ် ၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးလူစုခွဲခဲ့ပြီး ဆိုင်ကယ် ၂၇ စီးကိုလည်း သိမ်းဆည်းသွားတာပါ။

မြိုခံတွေနဲ့မြို့နယ်တွင်းလူအင်း ၅ သော‌င်း ကျော်လောက်က ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းခံကျောင်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြို့ခံဆရာတော်တပါးနဲ့ မြို့မိမြို့ဖတွေ ညှိနှိုင်းမှုကြောင့် နေ့လယ်   ၂ နာရီမှာ ကျောင်းသား ၄ ဦဂ ပြန်လည် လွတ်မြောက်လာတာဖြစ်ပြီး ဆိုင်ကယ်တွေကိုတော့ မြန်အောင်မြို့မရဲစခန်းမှာ မနက်ဖြန် ရွေးယူရမယ်လို့ သိရပါတယ်။

2 years Ago
Up