ဖမ်းဆီးခံရသူ ၃ ဦး

March 8, 2021

ဒေးဒရဲဆန္ဒပွဲတွင် ဖမ်းဆီးခံရသူ ၃ ဦး ပြည်သူများ ဝိုင်းဝန်းတောင်းဆိုသဖြင့် ပြန်လွတ်

ဒေးဒရဲမြို့မှာ ဒီနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြည်သူတွေ ဝိုင်းဝန်း တောင်းဆိုတာကြောင့် ပြန်လွတ်လာပြီလို့  သိရပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မျိုးဆက်သစ်လူငယ်တွေ၊ ၈၈ ကျောင်းသားဟောင်းတွေ၊ ကျန်းမာရေး၊ ပညာရေးဌာန ဝန်ထမ်းတွေနဲ့ ပြည်သူအင်အား သောင်းနဲ့ချီ မြို့တွင်းလမ်းတွေဖြစ်တဲ့ လမ်းမတော်လမ်း၊ ပြည်တော်သာလမ်းနဲ့ ကမ်းနားလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ကမ်းနားလမ်းထောင့်မှာ ရဲနဲ့စစ်သားတွေ တားဆီးထားတာကြောင့် ဖွင့်ပေးဖို့ ညှိနှိုင်းစဉ် ရဲတွေက ပြည်သူ ၃ ဦးကို အကြမ်းဖက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဒေးဒရဲမြို့နယ် ရဲစခန်းအနီးမှာ ဆက်လက်ဝန်းရံတောင်းဆိုခဲ့ရာ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာကြောင့် ဝန်းရံပြည်သူတွေ အေးချမ်းစွာ လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။

2 years Ago
Up