ဖမ်းဆီးခံရသူ ၁၇ ဦး ပြန်လွတ်

March 26, 2021

မော်လမြိုင်တွင် ဖမ်းဆီးခံရသူ ၁၇ ဦး ပြန်လွတ်၊ ၃ ဦး ကျန်နေသေး

မွန်ပြည်နယ်၊ မော်လမြိုင်က ကျောင်းသား၊ ပြည်သူပါဝင်တဲ့ ပူးပေါင်း သပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံရသူ အယောက် ၂၀  ရှိတဲ့အထဲ ၁‌၇ ယောက် ဒီကနေ့ ပြန်လည် လွတ်မြောက်လာပြီလို့  ရှေ့နေတွေက ပြောပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူ သပိတ်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက မော်လမြိုင် လမုတန်းဈေးအနီးမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

အဲလိုပစ်ခတ် ဖြိုခွင်းခံရပြီးနောက် ကျောင်းသား၊ ပြည်သူ ပြည်သူ အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒီကနေ့ ဖမ်းဆီးခံရသူ ၁၇ ဦး ပြန်လွတ်လာပြီး အမျိုးသား ၃ ယောက်ကတော့ ပြန်မလွတ်ဘဲ ကျန်ရှိနေပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား၊ ပြည်သူ ၁၇ ယောက်ကိုတော့  ရဲတပ်ဖွဲ့က ခံဝန်လက်မှတ်ထိုးပြီး ပြန်လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။

8 months Ago
Up