ဖမ်းဆီးခံဆန္ဒပြသူများ

February 10, 2021

ဖမ်းဆီးခံခဲ့ရသည့် မန္တလေးမြို့က ဆန္ဒပြသူ ၈၀ ကျော် ခံဝန်ဖြင့် ပြန်လွတ်

စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးမြို့မှာ လူ ၈၀ ကျော် ကို ခံဝန်နဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့  ၃၈ လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းကြားမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရေအမြှောက်နဲ့ ထိုးပြီး ဖြိုခွင်းတာ၊ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းတာတွေ ရှိတဲ့အပြင် သေနတ်ပစ်ဖောက်တာတွေပါရှိပြီး လူအများအပြားကို ဖမ်းဆီးသွားပါတယ်။

အဲ့ဒီလိုဖမ်းဆီးပြီး ပုသိမ်ကြီးမြို့နယ်ထဲက ၁၁၉ တပ်အပါအဝင် နေရာ (၃) ခုမှာ ခွဲပြီး တစ်ရက်တာ ချုပ်ထားကာ နောက်ခါ ဆန္ဒပြလှုပ်ရှားမှုမှာ မပါဝင်ဖို့ ခံဝန်ထိုးခဲ့ရတယ်လို့ ပြန်လွတ်လာသူတဦးက ပြောပါတယ်။

ဒီလို ခံဝန်ထိုးခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောဆိုသူတွေ ရှိပါတယ်။

နိုင်လင်းဦး

2 years Ago
Up